Chapter 3

660 78 1
                                    




" ဘာလို့ဖုံးကွယ်ထားတာလဲ "

ကားထဲမှာ အတူရှိနေစဉ်  ဂျိတ်ခ်၏ ဒေါသသံလေးဟာ  တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ဆောင်းဦးရာသီ ညနေခင်းက အေးစိမ့်စိမ့်။ဒါပေမဲ့ ချောမောတဲ့ ဂျိတ်ခ်ကလေးက ယာဉ်မောင်းထိုင်ခုံမှာရှိနေသော တော်ဝင်မင်းသား ဆောင်းဟွန်းကို စေ့စေ့ကြည့်သည်။

" ဘာကြောင့် ဒီလောက်ထိ တစ်ကိုယ်ကောင်းဆန်တာလဲ ဆောင်းဟွန်းရှီ။ ငါ့...ငါ့ဘက်ကို တစ်စက်လောက်တော့ တွေးပေးခဲ့အုံးပေါ့ "

" ဘုရင်မကြီးရဲ့အမိန့်ကြောင့် လက်ထပ်ခဲ့ရတာက နောက်ဆုံးတော့ မင်းရဲ့အကြံအစည်တွေပဲတဲ့လား။ စိတ်ပျက်ဖို့ကောင်းလိုက်တာ "

ဂျိတ်ခ်၏ လှပသော မျက်လုံးဝိုင်းဝိုင်းလေးတွေမှာ မျက်ရည်ကြည်တို့ ညှိကပ်လျက်၊ အသံတွေ တုန်ရီနေသည်။

ဘယ်သူကများ ဒီလိုလိမ်ညာပြီး အတင်းအကြပ် လက်ထပ်ခြင်းကို သဘောကျမှာလဲ။ ထို့အတူ ဂျိတ်ခ်လည်း လူထဲက လူပဲမို့  ဒီကိစ္စကို အရမ်းဒေါသထွက်သည်။

သူ့မှာ သက်ပြင်းအကြိမ်ကြိမ်ချမိ၍ အသက်ရှူသံလေးတွေလည်း ပြင်းထန်လာတယ်။ လိမ်ညာခံတာမျိုး မဟုတ်ပေမယ့်  လက်ရှိအဖြစ်က နည်းနည်းတော့ ဆင်တူသည်မဟုတ်ပါလား။

ဆက်ပြီးတော့ ဂျိတ်ခ် စကားမပြောချင်တဲ့အတွက်  ကားပေါ်က ဆင်းရန် ပြင်ဆင်မိသည်။ ယခု သူ့မှာ ခံစားချက်တွေ ကြီးစိုးနေပြီး ဆောင်းဟွန်းကို မုန်းတီးကာ မမြင်ချင်တော့အထိ ဖြစ်နေရပြီလေ။

ထိုစဉ်မှာ  ယာဉ်မောင်းနေရာမှ  ဆောင်းဟွန်းက သူ့ကို နူးညံ့စွာ ငေးကြည့်ကာ၊ လက်ကောက်ဝတ်လေးအား ခပ်ဖွဖွဆုပ်ကိုင်လာသည်။ ဒါပေမဲ့ ဆောင်းဟွန်းရဲ့ မျက်ဝန်းညိုတွေက ဝမ်းနည်းရိပ်သန်းလျက်။

" ကိုယ်တောင်းပန်ပါတယ်။ ဂျိတ်ခ်ကို အခြားသူလက်ထဲ မပါသွားစေချင်လို့  လောဘကြီးမိခဲ့တယ် "

" မင်းက တစ်ကိုယ်ကောင်းဆန်လွန်းတာပဲ "

ဂျိတ်ခ်နှုတ်ဖျားမှ ထွက်အံ့ကျလာသော စကားတစ်ခွန်း။ သူက ခင်ပွန်းသည် ဆောင်းဟွန်းကို စိတ်ပျက်စွာ မော့ကြည့်တယ်။ ဒါ့အပြင်  ဆောင်းဟွန်းလက်ထဲက  သူ့လက်ကောက်ဝတ်လေးကို အတင်းဖယ်ရှားခဲ့ပါသေးသည်။

Let's Divorce [𝖲𝗎𝗇𝗀𝖩𝖺𝗄𝖾]Where stories live. Discover now