Chapter 2

578 69 2
                                    







ဂျိတ်ခ်က အားလပ်ရက်မှာ ဘာမှလုပ်စရာမရှိတမို့  တစ်ယောက်တည်း အချိန်ဖြုန်းရန် ဆုံးဖြတ်ထားသည်။ သူက တစ်နေ့လုံး  ရုပ်ရှင်ဇာတ်လမ်းကြည့်မယ်၊ စားချင်တာစားမယ်၊ အိပ်ရေးဝအောင် အိပ်မယ်ဆိုပြီး ရိုးရိုးရှင်းရှင်းပဲ စဉ်းစားခဲ့တယ်။

သို့သော် ဆိုဖာထိုင်နေရင်း အတွေးများနေတဲ့သူ့ကို  မာမီက လှမ်းခေါ်တော့သည်။

" ဂျိတ်ခ်  ဒီည သွားစရာမရှိဘူးလား။ မရှိရင် မာမီ့စာကြည့်ခန်းကိုလာခဲ့။ ပြောစရာရှိတယ် "

" တိုးတိုးတိတ်တိတ်ပြောရအောင် ဘာသတင်းမို့လို့လဲဗျာ "

သူက မာတာမီခင်ကို မျက်နှာလေးရှုံ့မဲ့၍ အတွန့်တက်လိုက်သေးသည်။ ထိုစဉ် ဒီဂျစ်တယ်နာရီကို  တစ်ချက်လှမ်းကြည့်မိတယ်။

အခုမှ ညနေ ၅ နာရီပဲရှိနေသေးပြီး ဒီည သူငယ်ချင်းတစ်သိုက်နဲ့  ဘားသွားဖို့ အချိန်အများကြီးလိုသေးတယ်။ ဒါကြောင့်  သဘောမကျပေမယ့်  သူဟာ မာတာမိခင်ရဲ့ ဆုံးမဩဝါဒကို နာယူဖို့ အသင့်ဖြစ်နေခဲ့ပါသည်။


" မာမီ သားကို ဆူမလို့လားဟင် "

" ဒီတိုင်း ပြောစရာရှိလို့။ ဆူစရာမှမရှိတာ မာမီ ဂျိတ်ခ်ကလေးက အလိမ္မာတုံးလေးလေ "

ချောမောသော မဒမ်ရှင်းမ်က ပြုံးရယ်ရင်း သားဖြစ်သူဘက်သို့ လှမ်းကြည့်လာသည်။

ထိုအခါ ဂျိတ်ခ်ကတော့ မျက်လုံးတွေမှိတ်တဲ့အထိ ကျေနပ်စွာ ပြုံးရယ်၍  မိခင်ဆီသို့ အပြေးသွားလိုက်တော့တယ်။ ဒါတောင်မှ တစ်အိမ်လုံးမှာ အငယ်ဆုံးလေး ဂျိတ်ခ်က သူ့မာမီရဲ့ လက်မောင်းကိုဆွဲဖက်ကာ၊ အချွဲလေး လုပ်နေသေးသည်။

စင်စစ်လည်း  ရှင်းမ်ဂျိတ်ခ်က မိသားစုမှာ အငယ်ဆုံး။ အချစ်ခံရဆုံးဖြစ်သည်။ ဒါကြောင့်  သူက တစ်အိမ်လုံးမှာ ဘယ်သူ့ကိုမှမကြောက်သလို၊ တစ်အိမ်လုံးကလည်း သူ့ကို မနိုင်တဲ့  အဆိုးလေးဖြစ်နေတယ်။




ဂျိတ်ခ်တို့ သားအမိနှစ်ယောက်  အပေါ်ထပ်က စာကြည့်ခန်းသို့ ရောက်တဲ့အခါ  မျက်မှန်တပ်ထားလျက် စာဖတ်နေဟန် ဒယ်ဒီ့ကို တွေ့လိုက်ရသည်။

Let's Divorce [𝖲𝗎𝗇𝗀𝖩𝖺𝗄𝖾]Where stories live. Discover now