အတိတ်ကာလ။နာမည်ကြီး တက္ကသိုလ်ကျောင်းဝန်းထဲတွင် ကျောင်းဖွင့်ချိန်ရာသီမို့ ကျောင်းသားများ ပျားပန်းခပ် စုံလင်၍ လူစည်ကားလျက်ရှိသည်။
ထိုထဲတွင် တော်ဝင်မင်းသား ဆောင်းဟွန်းကလည်း သူ့ကိုယ်ပိုင်ကားဖြင့် ကျောင်းသို့ရောက်လာခဲ့၏။ စင်စစ် တော်ဝင်မင်းသားတစ်ယောက်မို့ နန်းတွင်းအဆောင်အယောင်တွေ၊ ရပိုင်ခွင့်နှင့် နာမည်ကျော်ကြားခြင်းတို့က အနည်းနဲ့အများရှိပါသည်။
ဒါပေမဲ့ နတ်ဘုရားသဖွယ် ချောမောကြည့်ကောင်းတဲ့ ပဉ္စမမြောက် တော်ဝင်မင်းသား ပတ်ခ်ဆောင်းဟွန်းက အေးဆေးသည်။ ရိုးရှင်း၍ နန်းတော်အဆောင်အယောင်များကို ထုတ်ဖော်လေ့မရှိချေ။
အိမ်ရှေ့စံမဟုတ်တာကြောင့် လည်းကောင်း၊ ကျဉ်းကျပ်တဲ့ နန်းတော်ထဲမှာ မနေချင်တာကြောင့် လည်းကောင်း ထိုမင်းသားက တော်တော်လေး သီးသန့်ဆန်သည်။
" ဟေ့ ဆောင်းဟွန်း "
အတန်းရဲ့ နောက်ဆုံးကျကျထိုင်ခုံမှာ တစ်ကိုယ်တည်း သီချင်းနားထောင်နေသော ကျောင်းသားထံသို့ ခပ်ချောချောကောင်လေးတစ်ယောက် ရောက်လာတယ်။
ဒါ့အပြင် သူ့နောက်မှာလည်း သူငယ်ချင်းလို့ထင်ရတဲ့ နောက်ထပ် ကောင်လေး နှစ်ယောက်လည်း လိုက်ပါလာ၏။
" သူက တော်ဝင်မင်းသားနော် ဂျိတ်ခ်။ နည်းနည်းပါးပါး အသိဝင်အုံး "
ဂျေးက သတိပေးစကားပြောပေမယ့် ဂျိတ်ခ်ကတော့ ခေါင်းခါသည်။ ဧကန်လည်း သူတို့တွေက အထက်တန်းကတည်းက သူငယ်ချင်းတွေမို့ ဤဂုဏ်ပုဒ်တွေ မလိုအပ်ဘူးလို့ ထင်မြင်နေတယ်။
ဒါပေမဲ့ တက္ကသိုလ်ရောက်ကာမှ သူငယ်ချင်း လေးယောက်သား တစ်မေဂျာစီဖြစ်သွားရသော်လည်း၊ သူတို့က အမြဲတမ်းနီးပါး တွေ့ဖြစ်ကြသည်။
" ဆောင်းဟွန်း မင်းကောင်လေးနဲ့ ပြတ်သွားလို့လား။ ငိုင်မနေစမ်းနဲ့ လာသွားရအောင် "
ဟီဆွန်းဆိုသည့် ပညာရေးဝန်ကြီး၏ဒုတိယသားက စကားဆက်ပြောတယ်။ ဧကန်လည်း သူတို့အဖွဲ့က တကယ်ဒိတ်ဒိတ်ကြဲ အသိုင်းအဝိုင်း မိသားစုတွေကပဲ မဟုတ်ပါလား။
YOU ARE READING
Let's Divorce [𝖲𝗎𝗇𝗀𝖩𝖺𝗄𝖾]
FanficSim Jake is a college student from the wealthy family . Nevertheless, his parents are forcing him to marry Royal prince named Park Sunghoon because on the orders of the Royal Family. He is surprised because his future husband, Park Sunghoon, is hi...