𝐏𝐫𝐨𝐥𝐨𝐠𝐮𝐞

1.3K 94 4
                                    


[ A.N : ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးသက်သက်ဖြစ်ပါတယ်။ Princess hours (K drama) ကို inspired ထားပါတယ်။
ဒါကြောင့် ဒီဇာတ်လမ်းမှာ ၂၁ ရာစုဖြစ်ပေမယ့် တော်ဝင်မိသားစု ဆက်လက်တည်ရှိနေကြောင်း ဖော်ပြပါရစေ။

အားနာစွာနဲ့ အလုပ်အမြဲရှုပ်နေတာမို့ Update တော့ကြာမှာပါ။ ]



" ကွာရှင်းရအောင် ဆောင်းဟွန်း "

ချောမောသော အမျိုးသားလေး ရှင်းမ်ဂျိတ်ခ်က စမတ်ကျကျဝတ်စားထားရင်း လက်ထဲက စာချုပ်ကို စားပွဲပေါ်ပစ်တင်လိုက်သည်။

ကွာရှင်းစာချုပ်တွင် သူ့ဘက်က လက်မှတ်ထိုးထားခြင်းဟာ ဒီအိမ်ထောင်ရေးကို သဘောမကျမှန်း အရမ်းသိသာလွန်းတယ်။ သို့ပေမယ့် တစ်ဖက်မှာရှိတဲ့ နတ်ဘုရားသဖွယ် ကြည့်ကောင်းသော တော်ဝင်မင်းသားကတော့ မျက်ခုံးထူထူတွေ တွန့်ချိုး၍ ဂျယ်ယွန်းကို စေ့စေ့ကြည့်သည်။

" ကိုယ်မကွာရှင်းပေးနိုင်ဘူး ဂျိတ်ခ် "

" ဘာ!!! အစက မင်းပြောတော့ ၆လအထိပဲဆို "

" ကိုယ် ဂျိတ်ခ်ကို လက်မလွတ်နိုင်ဘူး။ သဘောကျတယ် "

" ဘယ်လို...."

ဂျိတ်ခ်ခမျာ အံ့ဩလွန်းလို့ ဆိုဖာလက်ရန်းကို ခပ်တင်းတင်း ဆုပ်ကိုင်မိသည်။ ဒါ့အပြင် ဆောင်းဟွန်းရဲ့ စူးရှသောအကြည့်များက သူ့ထံသို့ ကျရောက်၍ ရှောင်လွှဲရန် ခက်ခဲလှတယ်။

ဘယ်လိုပဲဖြစ်စေကာမူ သူ သဘောမကျတာက၊ သဘောမကျတာပဲလေ။ ဘယ်အရာမှ သူ့ကို မတားဆီးန်ိုင်ဘူး။ သူ့ခင်ပွန်းဖြစ်တဲ့ မင်းသားဆောင်းဟွန်းကိုယ်တိုင်တားဆီရင်တောင် ခေါင်းမာတဲ့လူမျိုး ဖြစ်သည်။

အစကတည်းက သူတို့အိမ်ထောင်ရေးက ချစ်လို့ကြိုက်လို့ အိမ်ထောင်ပြုထားကြတာမှမဟုတ်တာ။ တော်ဝင်မိသားစုနှင့် ဘုရင်မကြီးတို့ရဲ့ အမိန့်တော်မြတ်တွေကြောင့် မဖြစ်မနေ လက်ထပ်ခဲ့ရသည်။

ဒါကြောင့်မို့ထင်ပါရဲ့။ သူတို့ရဲ့ အိမ်ထောင်ရေးက နွေးထွေးခြင်းအလျှင်းမရှိ အေးတိအေးစက်နိုင်လှတယ်။

" ရူးသွားပြီလား မင်းသား ဆောင်းဟွန်းရှီ။ ငါ့ကို ကတိပေးတုန်းက စာချုပ်က ၆လပဲဆို။ အခုဘယ်လိုဖြစ်တာလဲ "

Let's Divorce [𝖲𝗎𝗇𝗀𝖩𝖺𝗄𝖾]Where stories live. Discover now