𝐄𝐩𝐢𝐥𝐨𝐠𝐮𝐞

951 74 2
                                    


⚠️ This Chapter contains Spicy scenes( a little ).

နွေဦးရာသီ ရောက်လာပြီမို့ ရာသီဥတုက သာသာယာယာရှိသည်။ ထို့အတူ ဆောင်းဟွန်းနဲ့ဂျိတ်ခ်တို့ရဲ့ အိမ်ထောင်ရေးကလည်း  ပို၍အဆင်ပြေနေပါပြီ။

အရင်လိုမျိုး အေးတိအေးစက် မဟုတ်တော့ဘဲ သူငယ်ချင်းဆက်ဆံရေးကနေ  ချစ်သူတွေအဖြစ်သို့ ကူးပြောင်းလာခဲ့တယ်။

ဂျိတ်ခ်က အိမ်ထဲက သီးသန့်စတူဒီယိုခန်းမှာ  ဂီတာလေးတီးလိုက်၊ သီချင်းစာသားလေး ရေးလိုက်နဲ့   အနုပညာမှာ ဈာန်ဝင်နေသည်။ တေးရေးဆရာအဖြစ် တရားဝင် အလုပ်မလုပ်သေးသော်လည်း  သီချင်းတွေ လေး၊ငါးပုဒ်လောက်  ရေးသားခဲ့ပြီးပါပြီ။

စိတ်ရှိတိုင်းဆို သူက တစ်ချိန်လုံး သဘောကျရတဲ့ ဂီတကိုပဲ လုပ်ချင်နေတာပါ။ ဒါပေမဲ့ ဂီတ,ဥက္ကဋ္ဌ တစ်ယောက်မို့  project တွေ၊ music club တွေနဲ့ အမြဲအလုပ်ရှုပ်နေတတ်သည်။ ထို့အတူ  အိမ်ထောင်သည်ဖြစ်ပြန်နေတော့  ကိုယ်ပိုင်အချိန်တွေ  နည်းပါးခဲ့ရတယ်။


" အိခု  ကိုယ် ကော်ဖီဖျော်လာတယ် "

ဖွင့်ထားလက်စ တံခါးပေါက်ဝကနေ ထွက်လာသည့်  ဆောင်းဟွန်းရဲ့ အသံကြောင့်  ဘာရယ်မဟုတ်  သူပြုံးရယ်မိသည်။

" သကြား နည်းနည်းပဲ ထည့်ခဲ့တယ်။ သီချင်းရေးတာ အပြီးသတ်ပြီးပြီလား "

သူ့ ခင်ပွန်းဖြစ်သူ တော်ဝင်မင်းသား ဆောင်းဟွန်းက  သူ့အနားသို့ တိုးကပ်လာ၍  ကော်ဖီပူပူကို စားပွဲပေါ်တင်ထားပေးသည်။

ဒါကိုသိတော့ ဂျိတ်ခ်က အလိုက်တသိ ခေါင်းညိတ်မိသည်။ အဲ့ဒီနောက် သူသည်  ဆောင်းဟွန်းရဲ့ ချောမောကြည့်ကောင်းတဲ့ မျက်နှာချောချောကို ငေးမောကြည့်နေတယ်။

" အွန်း  လက်စသတ်တော့မလို့ "

" ဆောင်းဟွန်း ငါတို့ ညစာ အပြင်မှာ သွားစားမလားဟင် "

မျက်လုံးဝိုင်းဝိုင်းလေးတွေက  ပါပီပေါက်လေးတွေမျိုး ချစ်ဖို့ကောင်းနေပြီး  နှုတ်ခမ်းလေးတွေ ဆူထော်ထားတဲ့ ဂျိတ်ခ်က   ဆောင်းဟွန်းရဲ့ အားနည်းချက်ကို ကြိုသိနေပုံပေါ်သည်။ ဒါမှမဟုတ်  သိနေလို့ တမင်ချစ်ဖို့ကောင်းအောင် လုပ်နေသလားထင်ရတယ်။

Let's Divorce [𝖲𝗎𝗇𝗀𝖩𝖺𝗄𝖾]Where stories live. Discover now