CHAPTER - 6

137 25 9
                                    

Unicode

Chapter - 6 (အောင်မြင်သွားတဲ့ရိုက်ကူးရေး)

ခဏကြာတော့ သူတို့ကားက စတူဒီယိုလေးတစ်ခုရှေ့မှာ ရပ်သွားတယ်။

ကျိုးယွဲ့က ချက်ချင်းဆင်းပြီး သူ့မန်နေဂျာနဲ့ မိတ်ကပ်ပညာရှင်နောက်ကို လိုက်သွားတယ်။ လမ်းတလျှောက်လုံး သူ့အပေါ် စူးစူးရှရှ စိုက်ကြည့်နေတဲ့ မျက်လုံးများစွာကို ခံစားလိုက်ရသည်။ ကမ္ဘာပျက်ပြီးနောက် သူသည် လူသားများနှင့် ထိတွေ့မှုကို အလွန်မုန်းတီးလာသည်။ ဒီလိုအကြည့်​တွေကြောင့် သူ နည်းနည်း​တော့ တုန်​လှုပ်​သွားခဲ့သည်​။

"ယွဲ့" ဖန်းဟွေက သူ့လက်ကို
ဆုပ်ကိုင် လိုက်သည်။

"ဘာလို့ တုန်နေတာလဲ၊ အဲ မဟုတ်မှ မင်းစိတ်လှုပ်ရှား နေတာလား? ငါ့စိတ်ထင် ဒီနေ့ မိုးရွာတော့မယ် ထင်တယ်" ဟု သူက စနောက် ပြောလိုက်ပြီး တိုးတိတ်စွာဘဲ ရယ်လိုက် သည်။

ကျိုးယွဲ့ လည်း စကားတစ်ခွန်းမှ မပြောဘဲ သူ့ကို ကြည့်လိုက်သည်။ အမှန်တကယ်တွင်လည်းသူ့ရဲ့စကားလုံးများသည် ကမ္ဘာပျက်ကပ်
မတိုင်မီက သူ့ရဲ့ပုံကိုဖော်ပြရန် ပို သင့်လျော် ပေမည်။
ဘာကြောင့်လဲ ဆိုတော့ သူ့အလုပ်က ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး ဆွဲဆောင်မှုရှိနေဖို့လိုအပ်တယ်။
(ဒီနားမှာကျိုးယွဲ့ပြောတာက ဖန်းဖန်းကသူစိတ်လှုပ်ရှားနေလို့ နွေခေါင်ခေါင်မိုးရွာတော့မယ်လို့ပြောတာပါ ကျိုးယွဲ့က ကမ္ဘာပျက်ကပ်မတိုင်ခင်က မော်ဒယ်တစ်ယောက်အနေနဲ့ကိုယ့်ကိုယ်ကို ယုံကြည်ပြီးစိတ်မလှုပ်ရှားတတ်လို့ပါ)
{T/N: ဖတ်နေရင်းသိပ်နားမလည်မှာစိုးလို့ရှင်းပြပေးတာပါ😁}

"အ၀တ်အစားလဲဖို့ အဆင်သင့်ဖြစ်ပြီ" စတူဒီယိုဝန်ထမ်းတစ်ဦးက ရှက်ကိုးရှက်ကန်းဖြင့် တိုးတိုးလေးလာပြောသည်။

ဖန်းဖန်း ကို စိုးရိမ်သောက ရောက်နေတဲ့ရုပ်နဲ့တစ်ချက်လောက် ကြည့်လိုက်
ပြီးနောက် ကျိုးယွဲ့ သည် ဝန်ထမ်းကောင်မလေး နောက်မှလိုက်သွားခဲ့သည်။

ဖန်းဟွေ က သက်ပြင်းချလိုက်ပြီး မန်နေဂျာမုနှင့် နီးကပ်လာသည်။ "ဒါက ငါပဲစိတ်ထင်နေတာလား ဒါမှမဟုတ် ယွဲ့ ကပဲအရမ်းကိုနာခံတတ်သွားတာလား?"

ကမ္ဘာပျက်ကပ်အတွင်းမှာရှင်သန်နေထိုင်ဖို့မိန်းကလေးလိုဝတ်ထားရတယ် Where stories live. Discover now