အရင်က ပုံမှန်အတိုင်း လည်ပတ်နေတဲ့နေ့ရက်တွေက အချစ်နဲ့အတူတူဖြတ်သန်းရတဲ့အခါမှာတော့ ခါတိုင်းထက်ပိုပြီး တောက်တောက်ပပ ။ မနက်အိပ်ယာထတာနဲ့ ပြင်ဆင်ပြီး အချစ်ကိုသွားကြိုမယ် ပြီးရင် မနက်စာအတူတူစားကြမယ် ကျောင်းအတူတူသွားကြမယ်
ကျောင်းလာတဲ့တစ်လမ်းလုံးလည်းပျော်ရွှင် ကျောင်းထဲရောက်တဲ့အခါလည်း ပျော်ရွှင်ပေမယ့် တောင်နဲ့မြောက်ဖြစ်နေတဲ့ ကျောင်းဆောင်တွေကိုသွားဖို့ လမ်းခွဲရတဲ့အခါတိုင်းမှာတော့ သူ့မှာ အမြဲတမ်း မျက်နှာမသာမယာ ။ ဘာဖြစ်လို့ ကျောင်းဝင်းကို အကျယ်ကြီးဆောက်ထားပြီး Music Science နဲ့ Dance Arts ကို အဝေးကြီးထားရတာတဲ့လဲ လွမ်းလို့မျက်နှာလေးတွေ့ချင်စိတ်ကို မနည်းသည်းခံပြီးနေ့လည် အတန်းလွှတ်တဲ့အထိ စောင့်ရတာ တစ်နာရီက တစ်သက်လောက်တောင် ကြာနေသလို
canteen မှာခဏပဲတွေ့ရပြီးတော့ အလွမ်းမပြေသေးခင် ညနေပိုင်းအတန်းက ပြန်တက်ရသေးတာ ဘယ်လောက်တောင် ပင်ပန်းရတဲ့ကိစ္စလဲဆိုတာ တစ်ရက်လောက်တော့ ပါမောက္ခချုပ်ကြီးကို မျက်နှာချင်းဆိုင်ပြောမှကိုဖြစ်မည်အခုလည်း ယူဂျင်းကို Dance Arts ဘက်လိုက်ပို့ပြီး မပြန်ချင်တဲ့မျက်နှာနဲ့စူပုပ်နေတဲ့ သူ့ကို ရစ်ခီက စိတ်လေသလိုကြည့်လာပြီး
"မသိရင် တစ်ဦးတည်းသောသားလေးကို မူကြိုလိုက်ပို့ပြီး မပြန်ချင်တဲ့အဖေကြီးကျနေတာပဲ တော်ရုံပဲလုပ်စမ်းပါ"
"ရည်းစားမရှိတဲ့ကောင်က ဒါမျိုးတွေဘယ်နားလည်ပါ့မလဲ"
"ဖြစ်ရတယ်လို့ ငါက မထားချင်လို့ပါနော် ထားလိုက်ရင် မင်းလိုမျိုး ဘယ်သွားသွားနောက်ကတကောက်ကောက်လိုက်ပြီး ကော်လိုကပ်နေရမှာ ပျင်းလွန်းလို့"
"မရရင် မရဘူးပေါ့ ဘာတွေပြော"
"ဂင်မ်ဂယူဘင်း!"
"ဘာလဲ"
ကလေးတွေလိုတစ်ယောက်တစ်ခွန်းစီရန်ဖြစ်နေကြတဲ့သူတို့ကို ယူဂျင်းကတော့ အမြဲတမ်းပြုံးကြည့်နေတတ်ပြီး ထိန်းမရဖြစ်လာပြီဆိုမှ ဝင်ဝင်တားတတ်သည်
"ကလေးတွေလည်းမဟုတ်တော့ဘူး တော်ပါတော့နှစ်ယောက်သား"
"သူအရင်လာစတာလေ ယိုဂျင်းကျန်းရဲ့"
