"ဟျောင်း"
နှင်းတွေတဖွေးဖွေးကျနေတဲ့ ကောင်းကင်ကြီးကို မော့ကြည့်နေမိတုန်း ကြားလိုက်ရတဲ့ အသံလေးနဲ့အတူ နောက်ကျောဘက်ကို ရောက်လာတဲ့ နွေးထွေးမှုလေးကြောင့် ချက်ချင်းနောက်ပြန်လှည့်ကြည့်မိလိုက်လေတော့ ချစ်ရတဲ့ ကလေးလေးက မျက်လုံးလေးတွေမှိတ်သွားတဲ့အထိ ပြုံးပြလာသည်
"project ကပြီးသွားပြီလား"
"ဟုတ် အကုန်အဆင်သင့်ပဲ"
"ပင်ပန်းသွားပြီ ငါတို့ ယိုဂျင်းကျန်း"
ခေါင်းလေးကို ဖွဖွလေးပုတ်ပေးမိတော့ မျက်မှောင်လေးကုတ်ပြီးကြည့်လာရင်း
"ကျွန်တော်ကလေးမဟုတ်တော့ပါဘူးနော် ဒီနေ့ညပြီးရင် အသက်တစ်နှစ်တောင်ထပ်ကြီးတော့မှာ"
မျက်မှောင်လေးကုတ် ဘဲပေါက်စတွေလို နှုတ်ခမ်းလေးအရှေ့ထွက်ပြီး ကလေးမဟုတ်တော့ကြောင်းပြောနေတဲ့ပုံစံလေးက အရမ်းချစ်ဖို့ကောင်းလွန်းနေတာမို့ ပါးဖောင်းဖောင်းလေးတွေကို လက်ဝါးနှစ်ဖက်နဲ့ ညစ်လိုက်မိတော့ အတင်းရုန်းကန်လာသည်
baby behavior အပြည့်နဲ့ လူကြီးအရမ်းဖြစ်ချင်နေတဲ့ လူကြီးပေါက်စလေးက သူ့ကို တစ်နေ့တစ်နေ့ မရိုးရအောင် အသဲယားစေနိုင်ကြောင်း တွေ့တဲ့လူတိုင်းကို ပြောနေမိတာကြောင့် အမြဲတမ်းကြားနေရတဲ့ ရစ်ခီဆိုရင် သူ့ပါးစပ်က ယူဂျင်းဆိုတဲ့အသံကြားတာနဲ့ သရဲအလိုက်ခံရသလို လှစ်ခနဲထွက်ထွက်ပြေးသွားတတ်သည်
အခုလည်း long coat အနက်ရောင်အောက်မှာ တစ်ကိုယ်လုံးမြှုပ်နေပြီး လက်ဖျားလေးတွေတောင် ကောင်းကောင်းမမြင်ရချင်တော့တဲ့ လူကြီးပေါက်စက သူ့ကို လက်ပိုက်ပြီးကြည့်နေပြန်တာကြောင့် မျက်ခုံးပင့်လိုက်မိသည်
"ကိုယ်ချောတာသိပေမယ့် အဲ့လိုကြီးကြည့်နေတော့ကျ သိပ်မနေတတ်ဘူးနော်"
"ဟျောင်း အခုတလော ထမင်းမှန်မှန်မစားဘူးလား"
"ဟင် စားပါတယ် ဘာလို့လဲ"
"အရမ်းပိန်သွားတယ် မျက်ကွင်းတွေရော မျက်နှာတွေရော သိသိသာသာကြီးပဲ"
