1

467 42 2
                                    

ဇန်နဝါရီလရဲ့ ပထမဆုံးရက်တစ်ရက်

နှစ်သစ်ကြီးမှာ အချိန်အခါမဟုတ် သည်းကြီးမည်းကြီး ရွာနေတဲ့ မိုးတွေရယ် cameraမီးလိုမျိုး တဖြတ်ဖြတ်လက်နေတဲ့ လျှပ်စီးတွေရယ် အဲ့ဒီနောက်က ကြောက်စရာကောင်းလောက်တဲ့အထိ အကျယ်ကြီးထွက်လာတတ်တဲ့ မိုးခြိမ်းသံတွေရယ်  

အဆက်မပြတ်ရွာနေပြီး တော်တော်နဲ့ တိတ်မယ့်ပုံမပေါ်တဲ့ မိုးကို ကြည့်ရင်းဂယူဘင်း သက်ပြင်းချလိုက်မိသည်

ဒီတိုင်းဆို အိမ်ပြန်နောက်ကျတော့မှာပဲ....

တက္ကသိုလ်ရှေ့က ဘတ်စ်ကား မှတ်တိုင်မှာထိုင်ရင်း မှတ်တိုင်ခေါင်မိုးကနေ ကျနေတဲ့ မိုးစက်တွေကြား လက်လေးကို ဆန့်ထုတ်လိုက်မိသည် တပေါက်ပေါက်ကျလာတဲ့ မိုးရေအေးအေးတွေက လက်ပေါ်ကနေ မြေကြီးပေါ်အထိ တစ်ဆင့်ပြန်ကျသွားတာကို ကြည့်ရင်း ဖွဖွလေးတောင် ပြုံးလိုက်မိသေးသည် မိုးရွာတာကို မကြိုက်ပေမယ့် မိုးစက်တွေကိုတော့ သဘောကျပါတယ်ဆိုရင် နည်းနည်းထူးဆန်းသလိုများ ဖြစ်နေလေမလား

ကိုယ့်အတွေးနဲ့ကိုယ်ပြုံးမိနေရင်းမှ ဘာရယ်မဟုတ် သူနဲ့ ၇ပေလောက်အကွာက လူကူးမျဉ်းကြားကို လှမ်းကြည့်လိုက်မိတော့ သူနဲ့အသက်အရွယ်အားဖြင့် သိပ်မကွာလောက်မယ့် ကောင်လေးတစ်ယောက် ထီးလေးကိုင်ပြီး လမ်းကူးဖို့လုပ်နေတာကိုမြင်လိုက်ရသည် လူတစ်ယောက်လမ်းကူးတယ်ဆိုတာက ပုံမှန်အားဖြင့် မထူးဆန်းပေမယ့် traffic lightက မီးစိမ်းသွားတဲ့ အချိန်ကြီးမှာ လမ်းဖြတ်ကူးဖို့လုပ်နေတာကတော့ ထူးဆန်းသည်လေ 

"ဒီမှာ မီးစိမ်းနေတယ်လေ"

လှမ်းအော်လိုက်ပေမယ့် မကြားတာလား မကြားချင်ယောင်ပဲ ဆောင်တာလားမသိတဲ့ ကောင်လေးကတော့ ကားလမ်းကို စပြီးဖြတ်ကူးနေပြီမို့ ဘာမှစဉ်းစားချိန်မရဘဲ မိုးရေထဲအမြန်ပြေးထွက်ပြီး အနှီကောင်လေးကို ဖမ်းဆွဲရတော့သည် အလျင်စလို ဖြစ်သွားရတာကြောင့် နှစ်ယောက်လုံး ဟန်ချက်ပျက်ပြီး လမ်းဘေးက ပလက်ဖောင်းပေါ်ကို လဲကျသွားရတာမို့ သူ့မှာ တံတောင်ဆစ်တွေ ပွန်းသွားတာကိုတောင် ဂရုမစိုက်နိုင် ။ ဘေးက ကောင်လေးကို အသည်းအသန် လှမ်းကြည့်လိုက်တော့ လဲကျသွားတဲ့နေရာမှာပဲ လမ်းပေါ်မှာ အဆက်မပြတ်ဖြတ်သွားတဲ့ ကားတွေကို စိုက်ကြည့်နေတာမို့ မိုးရေတွေကြား အော်လိုက်မိသည်

𝗨𝗡𝗖𝗢𝗡𝗗𝗜𝗧𝗜𝗢𝗡𝗔𝗟𝗟𝗬Where stories live. Discover now