Part - 5

7.6K 329 8
                                    

Unicode

ကစားကွင်းကိုလာဖို့တတ်ကြွနေတဲ့သူတွေပီပီ
မမယ်နဲ့မိုင်မိုင်းက အနားမနေတော့ပါ။ ဒီနေ့မှ
သိကျတာဟုတ်ရဲ့လားလို့ ပြန်မေးယူရအောင်အထိ နှစ်ယောက်သားကတပူးပူးတတွဲတွဲဖြစ်နေသည်။

မိုင်ကလေးမှာအခုလို လူချစ်၊လူခင်ပေါလာတဲ့အတွက် နေရေးပျော်ပါသည်။ဒီကလေးလေးမှာ အချစ်တွေအများကြီးရစေချင်တာသူ့ရဲ့ စေတနာအမှန်မို့ မိုင်ကလေးပြုံးပျော်နေတဲ့မြင်ကွင်းကို ကြည့်ရင်း နေရေးလည်းပြုံးနေရ၏။

သို့သော် မမယ်က သူတို့ဆီကိုတစ်ချက်လှည့်ကြည့်လာပြီး မိုင်မိုင်းကိုခပ်ဝေးဝေးခေါ်သွားတာမို့..

"လွမ်း ... မင်းအစ်မကကလေးကိုဘယ်ခေါ်သွားတာလဲမသိဘူး"

"ထားလိုက်ပါကွာ...ရောင်းမစားပါဘူးဟ"

"ရောင်းစားလို့လည်းမရပါဘူး။သူတို့နောက် လိုက်ရအောင်"

"ထားလိုက်စမ်းပါဆို.. ငါ့အစ်မလည်းအတင်းအကြပ်ခေါ်သွားတာမဟုတ်ပါဘူး။
မင်းဟာလေးက ကြည်ကြည်ဖြူဖြူလိုက်သွားတာနော် လွတ်ပေးထားလိုက်"

"ဒါပေမဲ့"

"ကလေးဖအေကြီးလားကျလို့...နေစမ်းပါဆို "

အတင်းအကြပ်ဆွဲထားတဲ့လွမ်းကြောင့် နေရေးအဖို့ကျန်နေခဲ့ယုံသာတတ်နိုင်သည်။

"မိုင်မိုင်း... "

"ဟုတ်"

"မိုင်မိုင်းရဲ့ဦးဦးကိုချစ်လား"

"ဟုတ် ... ဦးဦးကမိုင်မိုင်းရဲ့မိသားစုဝင်ပဲလေ"

"အန်တီတွေးမိတာသိလား။ဟို မိုင်မိုင်းစိတ်တော့မဆိုးနဲ့နော်"

"ဟုတ်"

မျက်ဝန်းပြာလေးတွေက မြင့်မြတ်မယ်ကို ပြောဖို့ဆွံ့အစေသည်။ကလေးရဲ့မျက်ဝန်းတွေမှာ ရိုးသားမှုကအပြည့်နှင့်။

"ဟိုလေ မိုင်မိုင်းရဲ့မေမေနဲ့ နေရေးနဲ့တစ်ခုခုများ"

"ဟင်"

"ချစ်သူတွေလေ... ချစ်သူတွေဆိုတာသိလား။ ဟို ဘယ်လိုပြောရမလဲကွာ"

"အန်တီပြောတာ မိုင်မိုင်းနားမလည်ဘူး"

"မိုင်မိုင်းက နေရေးရဲ့သမီးများဖြစ်နေမလားလို့ အန်တီကထင်နေတာ"

My Baby GirlWhere stories live. Discover now