Part - 11

7.2K 299 61
                                    

Unicode

အသက်၃၅နှစ်အရွယ် ယောကျာ်းတစ်ယောက်မို့
ဦးဦးဟာ တည်ငြိမ်ရင့်ကျက်ပြီးကျက်သရေရှိတဲ့ ယောကျာ်းတစ်ယောက်။အမြဲလိုလိုလှန်တင်ထားတတ်တဲ့ဆံပင်၊ထူထဲနေတဲ့ မျက်ခုံး၊စူးရဲနေတဲ့
အကြည့်တို့ကိုပိုင်ဆိုင်ထားတဲ့ မျက်လုံးတစ်စုံ၊
ပိရိသေသပ်နေတဲ့နှုတ်ခမ်းတို့အပြင်
ရှည်လျားတဲ့အရပ် ... တောင့်တင်းပြေပြစ်တဲ့ခန္ဓာကိုယ်အချိုးအစားကိုလည်းပိုင်ဆိုင်ထားသည်။အမှန်တရားရဲ့ဘက်တော်သား
ထူးချွန်တဲ့အထက်တန်းရှေ့နေ့ကြီးတစ်ဦးမို့
ဦးဦးကို သမက်တော်ချင်တဲ့မိဘတွေကအများသား။ သို့သော် ဦးဦးကတော့ မိုင်မိုင်းကို
စောင့်ရှောက်ဖို့ သူမရှိလို့မဖြစ်ဘူးဆိုပြီး
အချစ်ရေးကိုစိတ်မဝင်စားခဲ့တာကြာပြီ။

အခုလည်း မိုင်မိုင်းကြောင့်နစ်နာသွားတဲ့
ကားပိုင်ရှင်နဲ့ဆွေးနွေးနေတဲ့ ဦးဦးပါပဲ။
အသက်အရွယ်အရ ရင့်ကျက်မှုတွေနဲ့
ဦးဦးက မိုင်မိုင်းအတွက်
ခိုင်ခံ့တဲ့တံတိုင်းကြီးလိုပါ။

"မိုင်ကလေး .. "

"ဟုတ်"

"ဒီလာခဲ့"

"အာ မိုင်မိုင်းစကားမပြောချင်ဘူးလို့"

"သိတယ်... ဒါပေမဲ့ မိုင်ကလေးအတည်ပြုဖို့
လိုအပ်လို့ခေါ်ရတာလေ"

"ဟွန့် ! "

ခပ်ထေ့ထေ့အမူအယာနဲ့ပိုက်ထားမိတဲ့ လက်နှစ်ဖက်ကိုဖြေချပြီး ဦးဦးခေါ်တဲ့ဆီလာခဲ့ရပါ၏။

"ထိုင် ဒီမှာ"

"ဟုတ်"

"ဒီဘက်ကသူငယ်ချင်းက မိုင်ကလေးကို
အရင်ရန်စတာမဟုတ်ဘူးတဲ့ ဟုတ်လားအဲ့တာ"

ယောကျာ်းကြီးတန်မဲ့အရှက်မရှိငြင်းမယ်လို့
ထင်ပြီးသားမို့ မိုင်မိုင်းရဲ့နှုတ်ခမ်းတစ်ဖက်က
တွန့်ကွေးသွားသည်။ဘေးမှာထိုင်နေတဲ့ ကောင်လေးပခုံးပေါ် လက်တစ်ဖက်ကိုပစ်တင်ကာ...

"ဘာတဲ့ ခုနကပြောတာ။ဟေးမိုင်မိုင်းက မိဘမဲ့
ဟုတ်လား"

"ဘာ ! ဘာတွေပြောနေတာလဲ ငါမသိဘူး"

"စကပ်ဝတ်မလား ချွတ်ပေးမယ်"

"ဟေးမိုင်မိုင်း !! မင်းလူကြီးတွေရှေ့မှာ "

My Baby GirlWhere stories live. Discover now