Part - 9

7.3K 308 74
                                    

Unicode

နေရေးဆေးရုံကိုရောက်သွားတဲ့အချိန်အထိ
မိုင်ကလေးကသတိရမလာသေးပါ။ဝရုန်းသုန်းကားနဲ့ဆေးရုံကိုရောက်ချလာတဲ့
သူ့ကို လူတချို့ကစောင်းငဲ့ကြည့်လာပေမဲ့ ဒါတွေကို သူဂရုမစိုက်နိုင်သေးပါဘူး။မိုင်ကလေးကို ကြည့်ပေးနေတဲ့ဆရာဝန် အပြင်ပြန်ထွက်လာမှာကိုသာ စိုးရိမ်တကြီးစောင့်ဆိုင်းနေမိသည်။

"နေရေး ... မိုင်မိုင်းမိဘတွေကရော။ကလေးက ဒီအခြေအနေအထိဖြစ်သွားတာ သူတို့ကြောင့်နော်သူတို့လည်းဒီလိုဖြစ်နေတာကိုသိသင့်တယ်"

"အင်း"

"မဆက်သွယ်ခဲ့ဘူးလား သူ့မိဘတွေကို"

"ကိုယ်အခု အဲ့တာကိုမပြောချင်သေးဘူး"

"မပြောလို့မရဘူးလေ အုပ်ထိမ်းသူနေရာမှာ
လက်မှတ်ထိုးဖို့လိုသေးတယ်။ဘယ်လိုလုပ်မလဲ"

"ကိုယ်စားထိုးပေးလိုက်လို့ရတယ်မလား မမယ်။ မရရင်တောင် ဒါမမယ်တာဝန်ကျနေတဲ့ဆေးရုံပဲကလေးကို...မမယ်ရဲ့တူမလို့ပြောပေးပါ။
ဒါလေးတော့ ကူညီပါမမယ်"

သူ့စကားကြောင့် စိတ်ရှုပ်ဟန်ဖြင့် မျက်နှာပျက်သွားတဲ့မမယ်ကို ထွေထွေထူးထူးလည်း သူမရှင်းပြချင်တော့ပါ။

"ကလေးအခြေအနေကရော အန္တရာယ်ရှိသေးလားမမယ်"

"အခုတော့ သိပ်မစိုးရိမ်ရတော့ပါဘူး။ဒါပေမဲ့ ဂရုစိုက်ပေးဖို့တော့လိုမယ်နော်။ကလေးက ရင်ဘတ်နာတာ၊ခန္ဓာကိုယ်ကိုက်တာ၊အသက်ရှူကျပ်တာ၊ချောင်းဆိုးတာ၊ကိုယ်ပူချိန် တတ်လာတာမျိုးတွေဖြစ်ရင်လည်း အရမ်းမစိုးရိမ်ပဲဆရာဝန်ညွှန်ကြားတာကို သေချာလုပ်ပေး။ အဓိကက ကလေးရဲ့ခန္ဓာကိုယ်ကို နွေးနွေးထွေးထွေးလေးဖြစ်အောင်ထား။ အရည်များများသောက်ခိုင်းပေး"

"ဟုတ်ကဲ့ ကျေးဇူးပါမမယ်"

"မလိုပါဘူးကွာ။တကယ်ဆို ဒါတွေက သူ့မေမေကိုပြောပြရမဲ့ဟာတွေ... ခုတော့ မင်းကိုပဲ ပြောပြနေရတယ်"

"ဆေးရုံမှာစောင့်ဖို့လည်း ကိုယ်ပဲရှိမယ်မမယ်။ အဲ့တာကြောင့် ဒီကလေးရဲ့ကိစ္စအဝဝကို ကိုယ့်ဆီပဲ ပြောပေးပါ"

My Baby GirlWhere stories live. Discover now