.......🤭
“ဟတ်ချိုး!!”
Daddyကြီး နှာချေနေတာ
Babyကို အအေးပတ်မယ်ပြောပြီး သူကိုယ်တိုင်အအေးပတ် နေလေတယ်😆“ဟေ့ဟျောင့် မနေ့ညက တအားအေးလို့လား နှာချေနေတာ ခဏခဏပဲ”
“မအေးပါဘူးကွာ မနေ့ညက ငါ...”
Daddyများ ရယ်စရာမပါပဲ ရယ်နေမိလိုက်တာများ“နှာချေတာတောင် နည်းသေးတယ်ပြောရမယ်
ရယ်နိုင်သေးတယ် ”“မင်းကလဲ မနေ့ညက ငါ တော်တော်ပူနေခဲ့တာကွာ”
( ဟုတ်တယ် သာသာလည်း ရှိတယ်😶)“မနေ့ညက အရမ်းအေးတာပါကွာ မင်းသတင်းမကြည့်ဘူးလား ကဲ...ကဲ..လက်မှတ်ပဲထိုးလိုက်ပါေတာ့ ဘော့စ်ရယ်”
“အေးပါဟ မင်းကလဲ နှာချေတာတောင် ဘယ်ပျောက်သွားမှန်းမသိဘူး...”
🚗
ရုံးမှ ပြန်ရောက်ခြင်း
“Daddy! ပြန်လာပြီ”
ရေမိုးချိုးပြီးစ Babyလေးက ကိုယ်သင်းရနံ့တွေနဲ့ မြူဆွယ်နေတော့တယ်
“Daddy~”
Babyအခေါ်ကို ပြန်မထူး
Baby နှုတ်ခမ်းကို နမ်းပါလိုက်ပါတယ်“အွန်းးဟင့် Daddy!”
Daddyတခွန်းမှ မဟနိုင်
နမ်းပြီးတာတောင် Babyကို ဖက်လျက်သားရုတ်တရက်နမ်းတာဆို မကြိုက်တဲ့ Babyက
ဆူဖို့လုပ်မယ်လို့ တွေးလိုက်ပေမဲ့“Daddy ကိုယ်တွေ ပူနေတယ်!”
“အွန်းး Baby Daddyမခံနိုင်တော့ဘူး”
Babyအတွေးတွေက တဖြည်းဖြည်းနဲ့ မှောင်ခါစပြုလာမိပြီ
Daddy ဖျားနေတာဟုတ်ပါတယ်
လက်တို့နဲ့ စမ်းကြည့်တာ အတော်ပူနေတယ်“Daddy~ ဒီအတိုင်း မဖက်ထားနဲ့လေ ”
“Daddyမခံနိုင်တော့ဘူး baby”
Daddy ချွေးတွေ ပျံနေတယ်
“Daddy~ ခဏလဲလိုက်ပါလား”
“Daddyမရတော့ဘူး Babyနဲ့ ဒီအတိုင်းဖက်ထားချင်တယ်”
“ဟင်..လူလိမ်~
ဖျားနေတာနည်နည်း Babyကို ဖက်ချင်တာကများများ”Daddyလဲ baby နားလည်လာပြီဆိုတော့
Babyနားနားလေး ကပ်ပြီး တိုးတိုးလေးပြောလိုက်တယ်“ဟုတ်တယ် Baby
Daddyအခု ဖက်ပဲဖက်ထားချင်တာမဟုတ်ဘူး Babyနဲ့အတူ~~~”Babyလေး နားရှက်လို့
ပါးတွေပါ ပူလာရတဲ့ထိ ဖြစ်ကုန်ပြီDaddyရဲ့ ကိုယ်ပူရှိန်ကြောင့်လည်း Daddyဆီကလာတဲ့လေပူငွေ့လေးက
Baby ကို ပိုပြီးအကြိုက်တွေ့စေခဲ့တယ်“အ အယ် မဟုတ်တာတွေ..Daddyခဏနားလိုက် Baby ရေပတ်တိုက်ပေးမယ်”
နေမကောင်းလို့ လျှောက်ပြောနေတာလို့ပဲ
Babyသတ်မှတ်လိုက်တယ်ချက်ချင်းဆိုသလို
Daddyဖက်ထားတဲ့ လက်တွေကို
ဖြုတ်လိုက်ပြီး
အိပ်ရာထဲ လဲစေတယ်ထပ်ပြီး
ရေပတ်တိုက်ဖို့
ရေနဲ့ ပုဝါပါ သူမ ထယူပြန်တယ်ရေပတ်တိုက်မှာက Daddyရဲ့ ခန္ဓာကိုယ်ဆိုတော့
အောက်ကနေDaddyက
အစအဆုံးကြည့်ရှာပါတယ်
မျက်လုံးတွေကတော့ ခပ်မှေးမှေးနဲ့သာDaddyရဲ့နက်ခတိုင်လေးကို လှမ်းဖြုတ်လိုက်တဲ့ချိန်
လည်စလုပ်လေး ဘယ်နှခေါက် ဘယ်နှကြိမ်တောင် ချနေမိမှန်းကော Daddyသိရဲ့လားလို့ Babyမေးချင်မိ။
ပြီးနောက် ရင်ဘတ်ကနေ ကြက်သီးတစ်လုံးချင်းစီ ဖြုတ်လိုက်တာနဲ့
ထောင်းထလာတဲ့ Daddy ရဲ့ကြက်သီးမျှင်တွေ
ပွတ်တိုက်လာတဲ့ပုဝါနုနုလေးရဲ့
အထိအတွေ့က Daddy ကို ပိုလောင်မြိုက်စေမိပြီလားကြာလာတော့
Daddyမှာ မျက်လုံးတောင် ဖွင့်မလာနိုင်တော့
ပင်ပန်းလွန်းလို့
Babyရဲ့အပြုအစုအောက်မှာ
အနားယူမိသွားပြီ“ Daddy အရမ်းဆိုးတယ်
သူများကိုကြ မြူဆွယ်ထားပြီး သူကြ အိပ်ပျော်သွားတယ် ပေါ့”အပြုံးတစ်ချက်သာ
နေရာယူလိုက်ပြီး
ရေတပက်ကို ဘေးနားအသာချ
Daddyကို စောင်ခြုံပေးလိုက်တယ်ပြီးတော့ အပိုဆုအနေနဲ့
အနမ်းတစ်ပွင့်။Good night daddy ~
...........
ဒီတခါလည်းအချိုပါပဲ
နောက်တော့အခါးပေါ့😞
YOU ARE READING
DADDY's BABY
RomanceDaddy နဲ့ Babyဖြစ်သွားရတဲ့ သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အကြောင်းအမျိုးမျိုးကြောင့် ခဏတရပ်ဆဲ။