5🌸

604 6 0
                                    

LiLiနဲ့ Rose
Karaoke partyမှာ တော်တော်ကြာခဲ့တယ်

Roseမှာ ကိုယ့်အပူနဲ့ကိုယ်မို့
ပျော်လာဖို့ နေနေသာသာ
သူတို့ ချပေးတဲ့ ဘီယာကို ရေသောက်သလို အဟန့်အတားမရှိပဲ
တစ်ပုလင်းပြီး တစ်ပုလင်း မော့ချကာ သောက်ပါလိုက်တယ်....။

ရို့စ် စိတ်ညစ်နေပြီလေ။

တစ်ခါမှ မသောက်ဖူးတဲ့ ရို့စ်အတွက်....
တစ်ခါမှမဖြစ်ဖူးတဲ့ အပြုအမူတွေက
စတင်လာတယ်

အဲ့ဒါကတော့
သောက်ပြီးရင် သောက်ချင်နေတာပဲ...

" Rose! သီချင်းဆိုရအောင်လေ "

" မဆိုဘူး Liliဆိုတာပဲ Rose နားထောင်မယ်‌လေ"

" Rose အများကြီးမသောက်နဲ့ဦး အရမ်းများနေပြီ"

"မသောက်ပါဘူး "

" Rose~ ပြန်ကြမလား "

" ပြန်မယ်လေ Roseလည်း ပြန်ချင်ပြီ😵 "

နှစ်ယောက်သား ပြန်ဖို့ လုပ်ပေမဲ့...

ယောင်္ကျားလေးသူငယ်ချင်းတွေက
အတင်းတားပြန်တယ်

" Lili ပြန်တော့မလို့လား
မပြန်ပါနဲ့ ငါ့မွေးနေ့က တစ်နှစ်မှ တစ်ခါပဲ လုပ်ရတာ လူက မစုံသေးဘူး
လူစုံတဲ့ထိ စောင့်ပြီးမှ ပြန်လေ နော် "

" စောင့်တာက ဘယ်လောက်ကြာရဦးမှာလဲ "

" နာရီဝက်ဆို သူတို့ရောက်ပြီလို့ ပြောတယ် ခဏလေးပါ ဒီပွဲက Liliပါမှ ဖြစ်မှာ "

"ငါပါမှ ! ထားပါတော့ နာရီဝက်ပဲ ငါစောင့်မယ်"

"အမယ်‌လေး ကျေးဇူးကြီးလှကြောင်းပါ Liliရယ်"

အဆင်ပြေပြီမလို့
Liliနဲ့ Rose အတူတူ ထိုင်လိုက်ကြတယ်

" Rose! အဲ့လက်က ဘာလဲ "

ရို့စ်လက်က ဘီယာခွက်ဆီ ရောက်လာတော့
လီလီပြောပြီလေ

" ဟီးးး နည်းနည်းပဲလေ! နည်းနည်းပဲ "
မျက်နှာလေးပါ နီလာတဲ့ ရို့စ်က
တကယ့်ကလေးလို။

" မရဘူး! ဘယ်သူလာတိုက်တိုက် မသောက်နဲ့ အိမ်ပြန်ရတော့မှာ ရို့စ်ရဲ့ "

ရို့စ်က ခေါင်းလေး ငြိမ့်ပြလိုက်တယ်...

အင်းပါ အင်းပါ ပေါ့

DADDY's BABYWhere stories live. Discover now