အလုပ်နောက်ကျနေပြီဖြစ်တဲ့ Roseအတွက်
ပြေးရုံကသာ သူမကို ကူညီပေးနိုင်တော့တယ်
သို့ပေမဲ့
အဲ့လိုမဟုတ်ခဲ့။ဘုန်း!
အ့!
“တောင်းပန်ပါတယ်ရှင့် ကျွန်မအလျင်လိုနေလို့ပါ”
တိုက်မိသွားတဲ့ အမျိုးသားဖြစ်သူကို
မျက်နှာကြည့်ပြီးတောင်
သူမ မတောင်းပန်နိုင်။အဲ့လောက်ထိအောင် သူမ အလုပ်ပေါ် သစ္စာရှိပါတယ်
လမ်းမှာကျန်ရစ်ခံရမယ့် အမျိုးသားကတော့
သူမအား အလွတ်မပေး။
သူမလက်အား
အတင်းဆွဲထားတယ်။Rose မှာ အတော်ဒေါသထွက်သွားရပြီး
ထိုသူအား အော်ပစ်လိုက်တယ်
” ကျွန်မတောင်းပန်ပြီးပြီလေ! ရှင်ဘယ်လိုဖြစ်နေတာလဲ !!”
Maskတပ်ထားတဲ့ ထိုအမျိုးသားကို
သူမ သေချာကြည့်လိုက်မှ
သူမ crush ဖြစ်နေတယ်” ဒီမှာ မင်းတောင်းပန်တာနဲ့ ပြီးသွားမယ်ထင်နေလား စောနကမှ ဝယ်လာတဲ့ ပန်းစည်း ကြည့်! မင်းကြောင့် ကားကြိတ်သွားပြီ! ”
သူမ အလျော့မပေးဘူးလို့ တွေးထားပေမဲ့လည်း
Crush ဖြစ်နေတော့
သူပြောသမျှ စိတ်မဆိုးသွား။” ကျွန်မက ပန်းဆိုင်မှာ အလုပ်လုပ်တာ ရှင်အားသေးရင် ကျွန်မနဲ့ပန်းဆိုင်ထပ်သွားမလား ”
”ကျွန်တော် မအားဘူး! ”
” ဒါဆို ကျွန်မကို ရှင့်အကောင့်ပေးခဲ့ပါလား
ရှင်နေတဲ့နေရာ ပန်းစည်းပို့ထားပေးမယ် ”” ကောင်းသားပဲ ကျွန်တော်အားရင် ပို့လိုက်မယ်
အဲ့ပန်းပဲ ပြန်လိုချင်တယ် ”” ရစေရပါမယ်ရှင့် ဒါနဲ့ ရှင့်အင်္ကျီက ကော်ဖီဖိတ်လို့ ပေသွားပြီထင်တယ် ”
” အဟွတ်! မင်းအင်္ကျီနောက်ကျောလည်း ပေနေတာပါပဲ”
”ဘာ! အားးး သွားပါပြီ ”
လျင်လျင်မြန်မြန် အပေါ်ထပ်ကို ချွတ်လိုက်တဲ့သူမ
တကယ်ပေနေတာပဲ!
” ထားလိုက်ပါ ဟူးးး ရှင့်အကောင့်က.. ”
”.... ........”
YOU ARE READING
DADDY's BABY
RomansDaddy နဲ့ Babyဖြစ်သွားရတဲ့ သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အကြောင်းအမျိုးမျိုးကြောင့် ခဏတရပ်ဆဲ။