4🌸

617 7 0
                                    

Daddy ပြန်သွားပြီး နေ့ရက်တိုင်း
Daddy ဆီက စာပို့တာ၊ ဖုန်းဆက်တာ၊ Video call ခေါ်တာနဲ့ပဲ
လိုင်းပေါ်မှာသာ အဆက်အသွက်လုပ်ခဲ့ရတယ်။
နေ့တိုင်းတော့ ဘယ်ဟုတ်ပါ့မလဲ။

“Baby စားပြီးပြီလား”
ဒါက Daddy အိမ်ရောက်ပြီး တညက Daddy ဆီကလာတဲ့မက်‌ဆေ့တစ်ခု။

Just now
”စားပြီးပြီ Daddy
Daddy ရော စားပြီးပြီလား”

5min
“ မစားခဲ့ဘူးလို့ ပြောရမလား Babyဟင်းတွေလောက် အရသာမရှိဘူးဖြစ်နေတယ်”

Just now
” ဟုတ်လို့လား အမေချက်တဲ့ဟင်းက ကမ္ဘာမှာအကောင်းဆုံးပဲလို့ပဲ ကြားဖူးပါတယ်”

15min
“အမေက ပြောတယ် ‌ချစ်ရသူချက်ကျွေးတာကမှ
အကောင်းဆုံးတဲ့”

Just now
“ ဟင်?  ဒီလိုဆို ပြန်ရောက်ရင် Daddy ချက်ကျွေးတာပဲ စားတော့မယ်”

အဲ့ကတည်းက စပြီး
Daddyစာပြန်တာ မလာတော့တာပဲ...

“ သနားစရာကောင်မလေးက ငါဖြစ်နေပါလား ရို့စ်ရယ်”

ထိုညက  Baby ဖြတ်သန်းခဲ့ဖူးတဲ့ညတွေထဲမှာ
အထီးကျန်ဆုံးညဖြစ်ခဲ့တယ်

ဒီလိုနဲ့ ညတိုင်း ညတိုင်း
စကားတွေ ကောင်းကောင်းမပြောဖြစ်ခဲ့ကြဘူး။

Daddyကို Babyစိတ်ဆိုးမိတယ်

ဒါပေမဲ့လည်း
ဒီနေ့မှ

Daddy ရဲ့ Morning baby~ ဆိုတဲ့ စာတစ်ကြောင်း
ကြောင့်
ဆိုးစရာ စိတ်တွေလည်း မရှိရက်နိုင်တော့ပါ

နိုးနိုးချင်း တန်းမြင်လိုက်ရတာဆိုတော့
Baby အရမ်းပျော်မိတယ်

Morning daddy ~
babyအသံဖိုင်ပို့ခဲ့တယ်

ပို့ပြီးပြီချင်း
Daddyက  ဖုန်းခေါ်ပါလေရော...

” ရို့စ်~”

” အွန်း လကုန်ပြီနော် ဘယ်နေ့ပြန်လာမှာလဲ Daddy~”

” ရို့စ် ကိုယ် ပြန်မလာ ဖြစ်သေးဘူး”

“ ကြာဦးမှာ ”??

“ ကြာဦးမယ် အမေနဲ့အဖေက ကိုယ့်ကို လွမ်းနေတာ အဲ့ကြောင့် ထပ်နေရဦးမယ်”

” ဟုတ်လား ” (ရို့စ်လည်း လွမ်းတယ်လေ )

“ ဒါနဲ့ LiLiပြန်လာပြီတဲ့ ”

DADDY's BABYWhere stories live. Discover now