8🌸

1K 7 1
                                    


ဖုန်းမြည်သံကြောင့်
ဖုန်း screenကို Liliကြည့်လိုက်တယ်

နာမည်က Jayတဲ့။

” Rose~ မုန့်စားပါဦး Liliဖုန်းပြောလိုက်ဦးမယ် ”

” အွန်း~ Lili ”
Liliထွက်သွားတော့

Rose ကိုလာခွက်အား ကိုင်ဖို့လုပ်တယ်
ဒါပေမဲ့ သတိရစရာ ရှိသွားတော့...

” အ! ဟုတ်သားပဲ ပို့ပြီးပြီဆိုတာ ‌စာပြန်လိုက်ဦးမယ် ”

Crush message‌ကို ကြည့်လိုက်တော့
စာအသစ်ပို့ထားတာ တွေ့တယ်

” အခု ခင်များက ဘယ်မှာလဲ ”

ထိုစာကို မြင်တော့
Rose အသေ ကျေကွဲသွားရ၏။

” အားး ငါနဲ့လွဲကုန်ပြီလား မသိဘူး!”

ကိုလာတောင် အေးဆေးမသောက်နိုင်။

” ရှင်ပို့ခိုင်းတဲ့အိမ်ကို ကျွန်မရောက်ပြီးပြီ ”

ထိုစာလည်း သူမပို့ပြီးရော အတွေးတွေက ထပ်ဝင်လာရပြန်တယ်

( Crush သဘောကျနေတဲ့သူက Liliလား!
ငါ Lili ကိုပြောပြလိုက်သင့်လား မဟုတ်သေးပါဘူး
နေ့တိုင်း ပန်းတွေ ဝယ်ပေးနေတာ Liliအတွက်ဆိုတော့ ငါလက်လျော့လိုက်ရမလား
Roseရေ!!! နင့်အချစ်ရေးကလည်း ကံမကောင်းလိုက်တာနော်)

” Rose! ဘာစဉ်းစားနေတာလဲ”

Rose ဖုန်းကြည့်ပြီး အတွေးလွန်နေတုန်း
Lili ရောက်လာတယ်

”ဘာမှ မစဉ်းစားပါဘူး ဒါနဲ့ သူက”

Lili နောက်ကို အစ်ကိုလို့ထင်ရတဲ့ ခပ်ချောချောကောင်လေးက ပါလာတယ်
Jayရောက်လာတာပါ။

“ Rose!! တကယ်မမှတ်မိဘူးလား ”

အဲလိုပြောတော့
Jayက သူ့ဘာသာသူ ပြုံးပြီး ဖုန်းထုတ်ကြည့်
တယ်

” ငါက ဘာမှတ်မိရမှာလဲ Lili”

သူမအပြောကြောင့်
Jay တင်းသွား၏

သူကိုယ်တိုင် ကုန်းပိုးပြီး တိုက်ခန်းထိ ပို့ပေးခဲ့တာလေ
အနည်းဆုံးတော့ ကျေးဇူးတင်စရာ ပြောသင့်တယ်မလား

Liliမှာ အံကြိတ်ပြီးရယ် နေမိတယ်

” နေနေပါဦး Roseစဉ်းစားကြည့်ဦးမယ် ”

You've reached the end of published parts.

⏰ Last updated: Jan 25 ⏰

Add this story to your Library to get notified about new parts!

DADDY's BABYWhere stories live. Discover now