Peek A boo; Play With Life - 1.3

896 54 2
                                    


"မွန်မြတ်.. ငါမင်းကို ငါးရက်လောက် အဆက်အသွယ်မလုပ်ရင်.. မင်းဘာလုပ်မလဲ"

"အော်..ရင်ခွဲရုံတွေ ပိုင်ရှင်မဲ့အလောင်းထားတဲ့နေရာတွေ စုံစမ်းမှာပေါ့.. ပြီးရင် ဈာပနလုပ်ဖို့ အခန်းကြိုမှာထားမယ်လေ မကောင်းဘူးလား.."

သာမန်အချိန်တွေဆို ကောင်းမွန်မြတ်ထိုသို့ဖြေပါက ထူးလွင်ဆန်းက သူ့လည်ပင်းကို နောက်ကနေ လက်မောင်းကြားထဲညှပ်ကာချုပ်ထားမည်ဖြစ်ပေမယ့် အခုကတော့ ခပ်ဖွဖွသာ ရယ်နေသည်။

"ဘာဖြစ်နေတာလဲ.. မင်း.. ဒီအချိန်မှာ ညဘက် အပျော်စီး သင်္ဘောစီးရင်ပျော်နေတဲ့ လူက.. ဘာလို့လဒ ကြီး လည်လိမ်ထားသလိုမျိုးဖြစ်နေတာလဲ"

ကောင်းမွန်မြတ်က သူ့ပခုံး ကိုတွန်းတိုက်ရင်းမေးလာပေမယ့် ထူးလွင်ဆန်း ပြန်ဖြေချင်စိတ်မရှိသလို ဖြေစရာအဖြေလည်းရှိမနေခဲ့။

အမှန်ပင် တောင်ဘက်ခရိုင်သည်မြစ်ချောင်းများစွာပေါသည့်ခရိုင်ဖြစ်သည်.. အပျော်စီးသင်္ဘောသည်တစ်ည နဲ့တစ်ရက်ကြာသည်။တောင်ခရိုင်ရှိမြစ်ကြောင်းတစ်လျှောက်ကနေ ပင်လယ်ဝအထိသွားကာ မူလဆိပ်ကမ်းကို ပြန်ကမ်းကပ်သည်။သင်္ဘောမှာနှစ်စီးသာရှိပြီး.. တစ်စီးမှာလူအယောက်ငါးဆယ်သာတင်ဆောင်နိုင်သည့် အပျော်စီးသင်္ဘောများပင်။

တစ်စီးမှာ မနက်ခင်းအစောကြီး စတင်ထွက်ပြီး အသွားတွင် မြစ်ကြောင်းတစ်လျှောက်မှဆိပ်ကမ်းရှိသည့် ရပ်ကွက်များတွင် ရပ်နားပေးပြီး ပင်လယ်ဝတွင် နေဝင်ချိန်ဆည်းဆာကိုကြည့်ရှုပြီး မူလဆိပ်ကမ်းသို့ ပြန်ကမ်းကပ်သည်။တစ်စီးမှာညနေပိုင်းတွင်စတင်ထွက်ခွာပြီး ပင်လယ်ဝတွင် နေထွက်ချိန်ရောင်နီပျို့ချိန်က စလို့ကြည့်ရှုပြီး အပြန်တွင် မြစ်ကြောင်းတစ်လျှောက်မှဆိပ်ကမ်းရှိသည့် ရပ်ကွက်များတွင် ရပ်နားပေးပြီး နောက်မှ မူလဆိပ်ကမ်းကိုပြန်ကမ်းကပ်သည်။

ယခုနောက်ပိုင်း ပြုပြင်မှုများကြောင့် ညဘက်ပိုင်းဆိုမြစ်ကြောင်းတစ်လျှောက်က ရောင်စုံမီးများကို ပုံသက္ဌာန်အမျိုးမျိုးပြုလုပ်ထားသည်မို့ မျက်စိတစ်ဆုံးလှပနေသည်။သင်္ဘောပေါ်တွင်လည်း မီးပန်းပစ်ဖောက် ကြသည်မို့ အနက်ရောင်ကောင်းကင်မှာ အရောင်စုံမီးပွှားများက လင်းလက်မြဲ..တငြိမ့်ငြိမ့်လေးနဲ့ သွားနေတဲ့ အရသာကိုလည်း ထူးလွင်ဆန်းသဘောကျသည်..ပျော်လည်းပျော်သည်..ဒါကြောင့် သူတစ်နှစ်တစ်ခေါက်တော့ စီးဖြစ်သည်။ အခုတော့ သူ့စိတ်က လုံးဝစိတ်မပါ..ဝိညဉ်လွင့်နေသည့်လူတစ်ယောက်လိုခံစားနေရသည်။သို့သော် သူငယ်ချင်းကိုတော့ လိမ်လိုက်မိသည်။

RevensticeWhere stories live. Discover now