Holiday ; Family Festival - 1.3

869 50 2
                                    


သူတို့ရဲ့အပြန်အလှန်ပြောဆိုနေမှုလေးက ရုတ်တရက် လေပြင်းတိုက်လိုက်သလို လွှင့်စင်သွားကာ ငြိမ်သက်သွားသည့်အထိ ကသိကအောက်နိုင်သွားသည်။ ထူးလွင်ဆန်း စိတ်မကောင်းလည်းဖြစ်မိသည်။ ဒါကြောင့်လား...။အခုချိန်ထိ တစ်ယောက်တည်းရှိနေခဲ့ခြင်းက ထိုအကြောင်းအရင်းကြောင့်လား..။ ဘယ်လောက်တောင် အထီးကျန်ဆန်နေလိုက်မလဲ.။

အပေါင်းအသင်းရှားပြီး မခင်တွယ်တတ်သူချင်းတူတာတောင် ထူးလွင်ဆန်း တွင်တော့ သူ့ကိုအစစအရာရာ အနွံတာခံသည့် သူငယ်ချင်း ကောင်းမွန်မြတ်က ဘေးကနေတစ်လျှောက်လုံး ဖေးဖေးမမ ရှိပေးခဲ့သည် မဟုတ်လား။

သို့သော်စာနာနှစ်သိမ့်စကားကတော့ နှုတ်ကနေပြောမထွက်လာဘဲ.. Rowan ပခုံးပေါ်ခေါင်းမှီချလိုက်ပြီး လည်တိုင်ကိုသာ ပိုတိုးလို့ ဖတ်ထားလိုက်မိသည်။

"ဒီမှာ လူနာအတွက် ဝှီးချဲယူပါလား.."

ဓာတ်လှေကားစောင့်နေတုန်း နာ့စ်မလေးက ဝှီးချဲလေးတွန်းရင်း Rowan နားလာရပ်ပြီးပြောလာတော့ ထူးလွင်ဆန်းချက်ချင်းဆိုသလို မျက်လွှာတွေကိုပိတ်ချလိုက်သည်။ အိပ်ပျော်လို့ ကုန်းပိုးရသည် ဆိုသည်က ကြားလို့ကောင်းသေးသည်။အိပ်လည်းပျော်မနေဘဲ..ခြေထောက်တွေလည်းအကောင်းကြီးရှိနေပါလျက်နဲ့ ယောကျ်ားရင့်မာကြီးတစ်ယောက်က တခြားယောကျ်ားတစ်ယောက်ကုန်းပိုးတာခံနေသည်က နည်းနည်း ရှက်ဖို့ကောင်းသည်မဟုတ်လား..။

"မလိုဘူး.."

Rowan ပုံမှန်လေသံအတိုင်းပင် ခပ်ပြတ်ပြတ်ပြန်ပြောလိုက်သည်။ထူးလွင်ဆန်း နှုတ်ခမ်းပါးတို့အလိုလို ကွေးတတ်သွားကာပါးပါးလေးပြုံးမိသည်။လက်မလျော့ချင်တဲ့ နာ့စ်မလေးက ရဲ့စကားသံကထပ်ပြီး ထွက်လာပြန်သည်။

"ဒါပေမဲ့...ဒီအတိုင်း.."

"*ကျစ်...ကျွန်တော် မလိုဘူးလို့ ပြောနေတယ်လေ.."

Rowan အသံကမာထန်လာတော့သည်..ဒါကRowan ရဲ့ပင်ကိုယ်အကျင့်စရိုက်ပင်..သူကပြောရင်ပြောတဲ့ အတိုင်းလုပ်မှ.. မဟုတ်ရင် သေလောက်အောင် ဒေါကန်တတ်သည့်လူသား။ထူးလွင်ဆန်း အတွက်တော့ ရိုးနေပြီဆိုပေမယ့်..တခြားလူအတွက်ကတော့ အနည်းနဲ့အများ Rowan အသံမာမာနဲ့မျက်မှောင်ကျုံ့ ပြီး ကြည့်လိုက်တဲ့အကြည့်နောက်မှ ပြောစကားတွေကိုကြားရင် အလိုလို ထိပ်လန့်သွားတတ်ကြစမြဲ။

RevensticeWhere stories live. Discover now