The Lost - 4

633 40 11
                                    


" ဆိုတော့ ပျောက်သွားတဲ့ လူ ၆ ယောက် နောက်ဆုံး သွားခဲ့တဲ့ တူညီတဲ့ နေရာက ဒီ နတ်နန်း ပေါ့.."

ထူးလွင်ဆန်း ညသန်းခေါင်ကျော် နတ်နန်းထဲ လှည့်ပတ်ကြည့်ရင်း သူ့ မြောက်ပိုင်းခရိုင်ကို လာရသည့် အကြောင်းအရင်းကို Rowan အား အလုံးစုံပြောပြလိုက်တော့ Rowan က ပခုံးကိုပင့်ကာ အံ့အား သင့်သွားသည်..။

" ဒီမှာ လာဝတ်ပြုတဲ့သူတွေကို မှတ်တမ်း သဘောမျိုး ထား ထားတာမရှိဘူးလား.."

" အဆောင်လက်ဖွဲ့ယူဖို့ ဝတ်ပြုတဲ့ သူတွေကိုတော့ မှတ်တမ်းထား ထားမှာပေါ့ သာမန် အလည်အပတ်လာပြီး ဝတ်ပြုသူတွေကိုတော့ ဘယ်လိုလုပ်ထားမှာလဲ.. တစ်နေ့ တစ်နေ့ လာဝတ်ပြုတဲ့သူက နည်းတာမှ မဟုတ်တာ.."

Rowan ရဲ့ ကျိုးကြောင်းစီလျော်သုံးသပ်မှုကြောင့် ထူးလွင်ဆန်းက သူ့နားထင်ကို လက်ညှိုးလေးဖြင့်ကုတ်ခြစ် ရင်း 'ဒါလည်း ဟုတ်တာပဲ ' ဟု မှတ်ချက်ပြုလိုက်သည်..။

" ဒါဆို အဲ့ဒီ မှတ်တမ်း က ဘယ်သူဆီကနေ ကြည့်ရမှာလဲ နတ်နန်းသခင်မ ဆီကလား.."

" အင်းပေါ့ သူမဟုတ် ဘယ်သူရှိမှာလဲ.."

" ဟူး.. ဒါဆို လည်း နောက်နေ့မှ နတ်နန်းသခင်မ ကို သွားရှာပြီးမေးတော့မယ်.."

ထူးလွင်ဆန်း စကားကို Rowan က ခေါင်းညိတ်ကာ‌ထောက်ခံလိုက်ပြီးနောက် ၂ ယောက်သား နတ်နန်း ထဲမှ ထွက်လာခဲ့လိုက်တော့သည်...။

" ထူးလွင်ဆန်း ... မင်းအလုပ်က ပြစ်မှုခင်းဆိုင်ရာဌာန နော် လူပျောက်ရှာဖွေရေး မဟုတ်ဘူး.. နေရတကာ ဝင်ပါမနေနဲ့.."

" ငါ လည်း မလုပ်ချင်ပါဘူး.. ဒါပေမဲ့ မင်းစဉ်းစားကြည့် ငါက အဲ့ဒီ ၆ ယောက် တစ်ခုခု ဖြစ်သွားတဲ့အထိ စောင့်ပြီးမှ အမှုလိုက်ရမှာလား.. အခုကတည်းက ရှာမယ်ဆို သူတို့အသက်ရှင်ချင် ရှင်နေနိုင်မှာလေ.. ကြိုတင်ကာကွယ်နိုင်မယ်ဆို လူသေဖို့ မလိုတော့ဘူး မဟုတ်လား.."

သူတို့ နှစ်ယောက် စကားတပြောပြော နဲ့နတ်နန်းမှ ထွက်လာကြပြီး နောက် တောင်ကမ်းပါးစွန်း တစ်နေရာတွင် ရပ်တန့် ကောင်းကင်ကိုမော့ကြည့်လိုက်သည်...။ ညသန်းခေါင်းချိန်မို့ ကြယ်တွေလည်းစုံနေသည်..။ နွေဖြစ်ပေမယ့် မြောက်ပိုင်း အ‌အေးဓာတ်က ပိုကဲနေဆဲ..။

RevensticeWhere stories live. Discover now