Sinless Demons - 1.2

484 35 3
                                    


"ဖုန်းကမထူးဆန်းဘူး..ဖုန်းထဲကအသံတွေက .ထူးဆန်းတာ.."

ဌာနခွဲ ၁၃ က ဌာနမှူး Estan Josh ကတိုတိုတုတ်တုတ် ပြန်ဖြေရင်း ဖုန်းရဲ့ playlist ကိုဖွင့်ပြတော့ ကျယ်လောင်စွာအော်ဟစ်ငိုယို တောင်းပန်တိုးလျိူးသံများက နားမခံသာနိုင်ဖွယ် ဆက်တိုက်ထွက်ပေါ်လာခဲ့ သည်။

ထူးလွင်ဆန်း နားထဲ တီ ဆိုသည့် အသံရှည်ကြီး အူထွက်လာတာကြောင့် ထူးလွင်ဆန်း နားတစ်ဖက်ကို အုပ်ကိုင်ကာ နားအူနေတာ ပျောက်လို ပျောက်ငြား ခေါင်းကို ခါရမ်းလိုက်မိသည်..။ သူ့အမေ ပြောဖူးသည် အားနည်းတဲ့အခါမျိုးမှာ ထိုကဲ့သို့ နားထဲက လေထွက်ပြီး နားအူတတ်သည်တဲ့..။ ထူးလွင်ဆန်း နေမကောင်းလည်း မဖြစ်ပါဘဲ နဲ့ ဘာလို့ ဒီလို အားနည်းသည့်အချက်ပြတာမျိုး လာဖြစ်သနည်း..။

" ဖုန်း ၆ လုံးထဲမှာမှ ဒီတစ်ခုက သေဆုံးသူတွေရဲ့ နားကိုအုပ်ထားတဲ့ နားကြပ်တွေရဲ့ bluetooth နဲ့ချိတ်ဆက်ထားတာဖြစ်နိုင်တယ်.."

Estan က ပြောပြီး ဖုန်းတွေကို သက်သေခံပစ္စည်းများသိမ်းသည့် အိတ်ထဲ ဂရုတစိုက်ထည့်သိမ်းလိုက်သည်။ ထူးလွင်ဆန်း တံခါးဘောင်တစ်ခုကို မှီကာ Estan ပြောသမျှကို ဂရုတစိုက်နားစွင့်နေသည်..။

" နည်းပညာ ဌာန နဲ့ ဆေးမှုခင်းဌာနက ရလဒ်ထွက်မှပဲ..ကျန်တာဆက်လုပ်လို့ရမှာပဲ..ကျွန်တော်က နည်းပညာဌာနနဲ့နီးတော့ နည်းပညာပိုင်းတာဝန်ယူလိုက်မယ်"

ဇွဲကိုကိုဆင့် ကပြောပြီးသည်နှင့် သူ့တာဝန်သူ အရင်ဆုံးခွဲယူလိုက်သည်..။ တာဝန်ကိုထိုသို့ခွဲဝေယူကြ ကြေးဆို ဘာလို့ သူတို့တွေ ဒီကိုအချိန်ကုန်ခံပြီး အမှုဖြစ်သည့်နေရာကိုလာနေမည်နည်း..။ အမှုအခင်းဖြစ်သည့် ၃၁ ရပ်ကွက် နဲ့အနီးဆုံးဖြစ်သည့် ဌာနခွဲ ၃၇ က ဌာနမှူးကိုသာ ထိုအခင်းဖြစ်သည့်နေရာသို့ သွားကြည့်စေကာ မှတ်တမ်း scan တောင်းပြီးကြည့်လိုက်ရင် ပိုတောင် လွယ်ကူမည်မဟုတ်လား။

အမှုကထင်ထားသလိုမလွယ်ကူတာကြောင့် အနောက်ပိုင်းခရိုင်က ငယ်ရွယ်ဖျတ်လပ်သည့် လူငယ် ဌာနမှူးတွေကိုစုစည်းကာ ဖော်ထုတ်ဖို့ ဌာနချုပ်က အမိန့်ချပေးခြင်းဖြစ်သည်။ ဌာနမှူး တာဝန်တောင် ယူထားပြီးဖြစ်သည့် လူကြီးတစ်ယောက်ဖြစ်သည့် ဇွဲကိုကိုဆင့် ကို ထူးလွင်ဆန်း စကားတောင်မပြောချင်တော့။

RevensticeWhere stories live. Discover now