Jigsaw ; With parts of Human's Body - 1.1

1K 52 5
                                    


{Unicode }

ထူးလွင်ဆန်း ကားကို ကားပါကင်တွင်ရပ်ပြီး စက်သတ်ထားလိုက်သည်။သို့သော်ကားပေါ်က မဆင်းသေးဘဲ လက်ထဲက စာရွက်ခေါက်လေးကိုဖြန့်ဖွင့်ကာ ထပ်မံပြန်ကြည့်နေသည်။ထိုစာရွက်လေးက သူ့ဆေးရုံကဆင်းတော့ အဖိုးသောင်းတင့်ကိုသွားနှုတ်ဆက်စကားပြောပြီးအပြန်မှာ အဖိုးသောင်းတင့်က သူ့လက်ထဲထိုစာရွက်ခေါက်လေးထည့်ပေးလိုက်သည်။

ထိုစာရွက်ထဲတွင် မြေပုံတစ်ခုပါသည်။ သူထိုလမ်းညွှန်မြေပုံအတိုင်း လာခဲ့ခြင်းပင်။သို့သော်ထိုနေရာသည်ကား အနောက်ခရိုင် ၊ ရပ်ကွက် ၃၁ အပိုင်ထဲက သုသာန်သင်္ချိုင်းတစ်ခုဖြစ်နေသည်။ ထိုသင်္ချိုင်းသည် ၂၀၁၀ ခုနှစ်တွင် ပိတ်ထားခဲ့ပြီးဖြစ်သည်။ဒါကြောင့် ဟုတ်မှဟုတ်ရဲ့လား။လမ်းများမှားသလားဆိုသည့်အမှတ်နဲ့ မြေပုံကိုပြန်စစ်နေမိသည်။

နေရာ က ထိုနေရာအမှန်ပင်။ထူးလွင်ဆန်း သိပ်ရှည်ရှည်ဝေးဝေးတွေးမနေတော့ဘဲ.. ကားပေါ်ကဆင်းကာ သင်္ချိုင်းထဲဝင်သွားလိုက်တော့သည်။အထဲတော်တော် လှမ်းလှမ်းအထိဝင်ပြီးမှ မြေပုံထဲကတည်နေရာကို သူရောက်သွားသည်။

Dennis Lee

1996~2006

Rest in Peace

ကျောက်တိုင်လေးစိုက်ထားသည့်မြေပုံလေး။သန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်လေးရှိနေသည်။

သူ့ဘေးနားကပတ်ပတ်လည်ကမြေပုံတွေ၏အထက်၌ပင် မြက်ပင်တွေကအရှည်ကြီးဖြစ်နေပြီး Dennis ၏အုတ်ဂူကိုဝေးဝေးကလှမ်းကြည့်မည်ဆိုရင်တောင် မမြင်နိုင်ပေ။

ထူးလွင်ဆန်း ကျောက်တိုင်လေးကိုကိုင်ကြည့်တော့ ဖုန်တောင်သိပ်ရှိမနေ။တစ်ယောက်ယောက်က အမြဲလာပြီး သန့်ရှင်းရေးလုပ်နေသည့်သဘောပင်။ ဒီကသန့်ရှင်းရေးဝန်ထမ်းကတော့ သူ့အုတ်ဂူပဲတော့ကွက်ပြီး သန့်ရှင်းရေး လုပ်မှာမဟုတ်ဘူးလေ။ကျောက်တိုင် မှာ Dennis Lee ရဲ့ဓာတ်ပုံကတော့ရှိမနေ။

"ပန်းတွေကလည်း လန်းနေသေးတယ်.... ငါက မင်းဒီမှာတစ်ယောက်တည်းနေနေရပြီး.. အားလုံးရဲ့အမေ့လျော့ခံဖြစ်နေမယ်လို့ ထင်ပေမယ့်.. တစ်စုံတစ်ယောက်ကတော့ မင်းကို သတိတရရှိနေပေးသေးတယ်ထင်ပါတယ်.."

RevensticeWhere stories live. Discover now