ငယ်သူအချစ်မို့(အပိုင်း၂)

5.3K 412 11
                                        

Kook ပြောပြီးပြီပဲ
ဘယ်လိုအခြေအနေဖြစ်ဖြစ် နေ့တိုင်းတွေ့နိုင်ပြီး kook ကချစ်နေရင်ပြီးတာပဲ
ဘာလိုသေးလို့လဲ

သူမ ရေချိုးပြီး ထုံးစံအတိုင်း မှန်တင်ခုံပေါ် တွေ့သမျှဟာတွေ ကောက်လိမ်းကာ အဝတ်အစားလဲပြီးထွက်လာခဲ့သည်။

ဆယ်ကျော်သက်တို့၏ ထုံးစံအတိုင်း လမ်းကို အကောင်းမလျှောက် ခုန်ပေါက်လာသည်။

ခေါင်းကလည်း မော့ ခါးကလည်းကော့ ထားသည့်အပြင် ပါးစပ်ကလည်း ရသမျှသီချင်းဆိုသေးသည်။

လက်တစ်ဖက်က အထုပ်ကိုင်ထားကာ နောက်တစ်ဖက်က လေထဲမှာမွေ့နေသည်။

ဦးနှောက်ကလည်း oppa အကြောင်းတွေးရသေးသည်။

Jungkook ။ ။ အိုး parkjungkook နင်သိပ်တော်တယ် ခန္ဓာကိုယ်တစ်ခုလုံး နေရာလပ်မကျန် အလုပ်ခိုင်းနိုင်တယ် ငိငိ နီရမ်းတော်တယ်
အိုင်းစတိုင်းတောင် ခုလို စဉ်းစားမိမှာမှုတ်ဘူး သူက အဲ့လို ခေါင်းချည်းသုံးလို့ ခေါင်းပြောင်ပြီး ဆံဖြူနေတာ
ငါ့လို တစ်ကိုယ်လုံး လှုပ်ရှားတော့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ပြီး ပြီး......

သူမဒီလောက်ရွစိထပြီးလျှောက်နေတာ ခုတော့ထိပြီလေ

လမ်းဘေးက လျှောက်နေရင်း ခွေးအီးအီးတွေ တက်နင်းမိလေသည်။

Jungkook ။ ။ ဟာ သေပီ သေပီ အား နံတယ် နံတယ်

သူမထိုနေရာမှာပင် ခုန်ဆွ ခုန်ဆွ လုပ်နေလေသည်။

ဘေးကဖြတ်လျှောက်တဲ့ လူတွေကလည်း ပြုံးစိစိ
တချို့ကလည်း ရယ်သွားကြသည်။

သူမ ခုမှတကယ်ဒုက္ခရောက်ပီ
ဖိနပ်ချွတ်သွားလို့လည်း မဖြစ်သေး
စီးသွားရအောင်ကလည်း

Jungkook ။ ။ ငါနော် ရှင်ချင်လာပီ

သူမဘေးကိုကြည့်လိုက်တော့
ဟော တွေ့ပါပြီ
သူမကို ဒုက္ခလှလှ ပေးသူလေး

အညိုရောင် ခွေးလေးတစ်ကောင်
အယ်လ်ဇေးရှင်းလိုလို တယ်ရီယာ လိုလိုပဲ
(kook ရယ် အမျိုးအစားက သိပ်မကွာဘူးနော်)

သူ့လက်ရာပဲနေမှာ သေချာတယ်
kook ဒေါသထွက်သွားသည်။

Jungkook ။ ။ ဟဲ့ ခွေး နင့်ကြောင့် ငါ့ ဖိနပ်လေးသွားပါပြီ နင်မျောက်လုံးကန်းနေလား
သေချာကြည့်လေ ဒါလူသွားလမ်းလေ တယ်ဟိုဟာသရမ်းတဲ့ခွေး time & circumstance ကိုနားမလည်ဘူးလား

ငယ်သူအချစ်မို့Donde viven las historias. Descúbrelo ahora