ဒေါက် ဒေါက် ဒေါက်
အခန်းတံခါးခေါက်သံကြောင့် သူမ နိုးလာသည်။
Jinကတော့ ခုတင်ပေါ်မှောက်အိပ်နေတာ မနိုးသေး။
သူမ အားယူပြီး ထထိုင်ကြည့်တော့ ခေါင်းတွေမူးနောက်နေသည်။
မနေ့က ငိုထားတဲ့ အရှိန်ကြောင့်လည်း ပါလိမ့်မည်။
ဒေါက် ဒေါက် ဒေါက်
Kook: nae
တံခါးဖွင့်ပြီးဝင်လာတော့ ကလေး သုံးယောက်ဖြစ်သည်။
နားရွက်ကားကားနဲ့ ကလေးရယ်
ပါးဖောင်းဖောင်းလေးနဲ့ကလေးရယ်
ပါးစပ်ပြဲပြဲနဲ့ ကလေးရယ်သူမလည်း သုံးယောက်သား တန်းစီပြီးဝင်လာတာကို ကြည့်နေသည်။
အရင်ဆုံး ပါစပ်ပြဲပြဲနှင့်ကလေးက
Chen: Annyeong!!!!
သူကတော့ ပုံမှန်ပဲ နှုတ်ဆက်လိုက်ပေမဲ့ အသံက ပြဲကနဲထွက်သွားသည်။
Kook: ဟိတ် ရှူးတိုးတိုး နိုးသွားမှာစိုးလို့
အဲ့တော့မှ သုံးယောက်သား အိပ်ပျော်နေတဲ့ jinကို မြင်ပြီး ခေါင်းတညိမ့်ညိမ့် လုပ်နေကြသည်။
နားရွက် ကားကားနှင့်ကလေးက
Chanyeol: သူက အစတည်းက အဲ့လိုပဲ၊ နည်းနည်းပြဲတယ်
Chen: ဟျောင့်ဘာပြောတာလဲ
Chanyeol: အသံပြဲတယ်ပြောတာကွာ
ထိုအခါ ပါးဖောင်းဖောင်နှင့်ကလေးက ရယ်သည်။
ကြည့်ရတာ သုံးယောက်က ၁၀နှစ်ပတ်ဝန်းကျင်လောက်သာ ရှိဦးမည်။
Kookကတော့ မြင်မြင်ချင်း အရမ်းချစ်သွားသည်။
ထိုကလေးသုံးယောက်ကို ခုတင်ဟိုဘက်ကို လာဖို့လက်ယပ်ခေါ်လိုက်သည်။
ထိုအခါ သုံးကောင်သား ခြေဖွနင်းသည့်ပုံစံဖြင့် ကုပ်ချောင်းချောင်းလျှောက်လာသည်။
Kook: annyeong
Chen: ann.....
ထိုကလေး မနှုတ်ဆက်မီ ကျန်ကလေးနှစ်ယောက်က ပါးစပ်ကို လက်ဖြင့် ဝိုင်းပိတ်လိုက်ကြသည်။
BINABASA MO ANG
ငယ်သူအချစ်မို့
FanfictionWhat'll be your answer? The one u luv but make u cry OR The one u don't luv but make u smile