ONE♥︎

828 90 14
                                    

"ဟေ့

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ဟေ့..."

လေသံနှင့်အတူ ဆိုင်ကယ်ကိုအကြမ်းပတမ်း
ကွေ့ဝိုက်ကာ ကျွန်တော့်ရှေ့လာပိတ်ရပ်သည့်သူ။

"ကျွန်တော်လိုက်ပို့ရမလား"

အမြင်ကပ်စွာဖြင့် ဘုကြည့်ကြည့်လိုက်သည်။

"ဖယ်..."

ကျွန်တော်ပြောလိုက်တော့လည်း ပုခုံးနှစ်ဖက်ကိုတွန့်
ကာမောင်းထွက်သွားတာ...မလိုက်နေပေါ့ဆိုသည့်အထာနဲ့။

အလကား...ချစ်တယ်ပြောပီး..ဘာမှလည်းမဟုတ်။

ရုပ်ကိုက ဆွဲလုပ်ပစ်ချင်စရာ...။

အေးအေးလူလူဘဲ ထိုကောင်ကို မေတ္တာပို့ရင်း လမ်းလျှောက်ပီး အိမ်ပြန်လာလိုက်တယ်။

"ပြော..."

စာကျက်နေတာကို အခေါက်ပေါင်းမနည်းဖုန်းဆက်နှောင့်ယှက်နေတဲ့ထိုသူ့အား ဆော့ဂျင်လေသံမာမာနဲ့ ထူးပေးလိုက်သည်။

"စာကျက်နေတာလား..."

"ဟုတ်တယ်"

သိရက်နဲ့ လာမေးနေတယ်..မုန်းစရာကောင်...စိတ်ထဲကြိမ်ဆဲမိပြန်သည်။

"အော် ကျက်ကျက်...good night နော်"

ပြောပီးတာနဲ့ ဖုန်းကိုအရင်ချသွားပြန်သည်။
ဒါဘာအချိုးလဲ...ကျစ်..ကျွန်တော်ကရော ဘာဖြစ်နေတာလဲ။

အိမ်ရှေ့က ဆိုင်ကယ်ဟွန်းသံကိုကျွန်တော်ကြားလိုက်တယ်..လိုက်ကာစကို အသာဖယ်မကြည့်လိုက်တော့..မောင်းထွက်သွားတဲ့ ဆိုင်ကယ်နောက်မြီးကိုသာမြင်လိုက်ရတယ်။

လူကိုချစ်တယ်ပြောတာလည်း သူဘဲ...အချိုးမပြေဘဲ လူကိုလာကစားနေတာလည်း သူဘဲ။

ရုပ်ကိုက မုန်းစရာ...
မှတ်မှတ်ရရ ကျွန်တော့်ကိုသူ ရည်းစားစကားလာပြောထားတာ တစ်ပတ်ရှိပီ။

LOVER♥︎Where stories live. Discover now