EIGHT ♥︎

237 50 28
                                    

"မင်းဘယ်မှာလဲ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"မင်းဘယ်မှာလဲ..."

"ကျွန်တော်အခုသူငယ်ချင်းတွေနဲ့ဆိုင်တစ်ဆိုင်ရောက်နေတာ..."

ဖုန်းထဲကဖြေသံကိုကြားပီးနောက် ကျွန်တော်ပြုံးလိုက်မိသည်။

ထယ်ယောင်းမညာဘူးဘဲ။

"ငါအခုဆိုင်ရှေ့မှာ...ထွက်လာခဲ့..."

ကျွန်တော်ဖုန်းချလိုက်သည်နှင့် ထယ်ယောင်းက ဆိုင်ထဲကပြေးထွက်လာသည်ကိုမြင်ရသည်။

ဟိုဟိုဒီဒီရှာရင်း လက်ပြနေတဲ့ ကျွန်တော့်ကိုမြင်တော့ နှစ်လိုအားရပြုံးကာ လမ်းတစ်ဖက်ကမ်းသို့ကူးလာသည်။

"အစ်ကို..ဘယ်လာတာလဲ..."

လေအဝှေ့မှာ လွင့်နေသော ကျွန်တော့်ဆံပင်တို့အားသပ်တင်ကာမေးပါသည်။

"ဒီစာအုပ်ဆိုင်လာတာလေ.."

ရပ်နေသည့်နေရာနှင့်အနီးက စာအုပ်ဆိုင်ကိုညွှန်ပြလိုက်သည်။

"အော်..ဝယ်ပီးပီလား..ကျွန်တော် အိမ်ပြန်လိုက်ပို့မယ်လေ..."

"ရပါတယ်..စာအုပ်ကသယ်ရမှာနည်းနည်းလေး...taxiနဲ့ပြန်မှာ..မင်းကိုတွေ့လိုက်လို့ခေါ်လိုက်တာ..."

"မရပါဘူး..မဝယ်ရသေးရင် သွားဝယ်မယ်လာ.."

"ရပါတယ်ဆို..."

ငြင်းနေပေမဲ့ လူကတော့ထယ်ယောင်းခေါ်ရာ စာအုပ်ဆိုင်ထဲသို့...

ချစ်သူဖြစ်တာ ရက်ပိုင်းဘဲရှိသေးတာကြောင့် ဆော့ဂျင်အနည်းငယ်တော့ ရှက်ကိုးရှက်ကန်းဖြစ်နေပါသည်။

ထယ်ယောင်းကတော့ ဒီလိုမဟုတ် လက်ရဲဇက်ရဲရှိလှသည်။

"ပေး..စာအုပ်ထုပ်တွေ.."

LOVER♥︎Where stories live. Discover now