TWELVE ♥︎

281 55 22
                                    

 "ကျောင်းက group projectဘယ်လိုလဲ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ကျောင်းက group projectဘယ်လိုလဲ..."

ဖုန်းထဲကတစ်ဆင့်လွင့်ပျံလာတဲ့အသံတိုးတိုး...

နှစ်ရက်အတွင်းမရမက အလုပ်ဝင်ခဲ့သော အချိန်ပိုင်းအလုပ်ဖြင့် ပင်ပန်းနေမလားဟူသော အတွေးတို့
ကြောင့် ကျွန်တော် သက်ပြင်းချမိလေတော့...

"အဆင်မပြေဘူးလား.."

သူကပါ မသက်မသာဖြင့် စိုးရိမ်စကားဆိုလာသည်မို့..

"မဟုတ်ပါဘူး...အဆင်ပြေပါတယ်...မင်းရော ပင်ပန်းနေပီလား.."

တစ်ဖက်ကတိုးဖွဖွရယ်သံ..

"ကော်ဖီဆိုင်မှာ စားပွဲထိုးလုပ်ရတာ ဘယ်လိုပင်ပန်းရမှာလဲ..."

ဒါတော့ဒါပေမဲ့...သူအလုပ်လုပ်နေတဲ့ ဆိုင်ပိုင်ရှင် အဒေါ်ကြီးက အပေါက်ဆိုးတာ ကျွန်တော်အသိမို့...

"ပီးတာဘဲ...စောစောပြန်လာနော်..."

"အင်းပါ..ညဘက်မုန့်ထွက်စားကြမယ်လေ...အန်တီလည်းအိမ်မှာမရှိတုန်း.."

"အင်းပါ.."

"ထယ်ယောင်းရော.."

ကြားလိုက်မိသော အဒေါ်ကြီးရဲ့လေသံ..

"ဒီမှာပါခင်ဗျ.."

ဂျစ်ကန်ကန်နေတတ်သူ​၏ရိုကျိူးနေရမှုကြောင့် ရင်ထဲ ကျင်တက်သွားရသေးသည်။

"ဒါပဲနော်..မွမွ.."

ခပ်ကျိတ်ကျိတ်လေသံနှင့် ဖုန်းကျသွားပီဖြစ်ပေ
မဲ့ ကျွန်တော့်ပါးနှစ်ဖက်သည် မီးဟပ်ခံရသလို
ရှိန်းမြမြပူလျက်...။

............

ရုပ်သံလိုင်းတွေ တစ်လိုင်းပီးတစ်လိုင်း ပြောင်းနေပေမဲ့ စိတ်ကသိပ်မပါ...

LOVER♥︎Where stories live. Discover now