"ဘာလုပ်နေတာလဲ..."
ဖုန်းကိုင်လိုက်တာနဲ့ မေးလာသောအသံ...
"စာကျက်နေတာပေါ့...စာမေးပွဲနီးနေပီပဲဟာ..."
တစ်ဖက်ကရယ်သံထွက်လာသည်....
"ဟုတ်ပါပီ...ညနက်ထိမနေနဲ့ဦး"
ပြောပီးတာနဲ့ ဖုန်းကိုချသွားသည်။
ကျစ်...ဒီကောင်ဟာလေ...အချိုးကိုက...
ဘယ်ရမလဲ....
တတူတူမြည်နေတဲ့ ဖုန်းသံအဆုံးမှာ...
"ဟယ်လို...အစ်ကို...ဘာလို့ပြန်ဆက်တာလဲ..."
ချက်ချင်းပြန်ဖြေတာမို့ စိတ်ကျေနပ်မိသွားရင်း...
"နောက်ဆို မင်းအရင်ဖုန်းမချနဲ့.."
ပြောပီးတာနဲ့ အရင်ဦးအောင် ဖုန်းချလိုက်သည်။
သူကတော့ ကြောင်သွားမှာအသေအချာ...
စိတ်ကျေနပ်သွားတာမို့...စာကျက်ရတာ..အတော်အဆင်ပြေလှသည်။နှစ်နာရီလောက် စာကျက်ပီးတဲ့နောက်မှာတော့ အာတွေခြောက်လာသလို ဗိုက်လည်းဆာလာပီဖြစ်သည်။
တစ်ခုခုစားရန် မီးဖိုထဲသွားကြည့်တော့ မေမေကဈေးမဝယ်ရသေးတာမို့ ခေါက်ဆွဲခြောက်ကလွှဲ၍ ဘာမှမရှိပေ။
ရေခဲသေတ္တာထဲ ရေတစ်ဘူးဆို ဆွဲထုတ်လာခဲ့ပီး အခန်းထဲပြန်ဝင်လာသည်။
ဖျက်ကနဲ လင်းလာသောဖုန်း...
*အိမ်ရှေ့ ခဏထွက်ခဲ့*
ပြတင်းပေါက်ကနေလှမ်းကြည့်မိတော့ အိမ်ရှေ့မှာ...ဆိုင်ကယ်ပေါ်ထိုင်နေတဲ့သူ။
*မအားဘူး*
စာပြန်လိုက်တော့...
*ကျွန်တော် ဝင်လာရမလား...*
YOU ARE READING
LOVER♥︎
Hayran Kurgu🎶Can I go where you go? Can we always be this close forever and ever? And ah, take me out, and take me home (forever and ever) You're my, my, my, my Oh, you're my, my, my, my Darling, you're my, my, my, my Lover🎶 Started:Jan10,2024 Finished: