Ep-12(Zawgyi)

7K 144 1
                                    






"ချီရမလား"

"မလိုဘူး"

သူ့အခန်းထဲက ထွက်လာချိန် လူက ဒူးခွေကာ ယိုင်တိုင်တိုင်လျှောက်နေတာကြောင့် လှည့်ပြီးမေးသည်။ ပြေခတ် ဆောင့်အောင့်ပြောလိုက်တော့ ပခုံးတွန့်ပြပြီး အ‌ရှေ့ကနေဆင်းသွားတဲ့ စားပြီးနားမလည်ကောင်။

လှေကားပေါ်ကဆင်းတော့လည်း လက်ရမ်းကို အားပြုပြီး တစ်ထစ်ခြင်းဆင်းရသည်။ခါးနားထိပါတော်တော်အောင့်ပြီးမှ အောက်ဆုံးအဆင့်ကိုရောက်၏။

ကြွပြေားပေါ်မှာ ဝပ်နေသော ဖအေတူသားက လျှာတစ်လစ်နဲ့ သူ့ကိုမြင်တော့ ခုန်ပြီးကြိုသည်။ခွေးရဲ့ကျောပေါ်ကို ပြန်ခွထားပြီး ဖေ့သားကြီးဆိုကာ ပွတ်သပ်နေတဲ့ ကပြားကောင်။ ပြေခတ်နဲ့ ဒီကောင်ကမ္ဘာ့ရန်ငြိုးရှိထားတာကြောင့် အမွှေးဖွာဖွာကြီးဖြင့် ချစ်စရာကောင်းနေသော်လည်း ကြည့်ကိုမကြည့်ချင် ။သူတို့သားဖနှစ်ယောက်ကိုရှောင်ပြီးသွားတာ‌တောင် ထိုကောင်က ပြေခတ်ကို မြင်သွားပြီး မိုင်းလက်ထဲကနေပြေးလာသည်။

နောက်တစ်ခါခုန်အုပ်တော့မယ့် ပုံစံကြီးကြောင့် ပြေခတ် ကိုယ်ကိုကျုံ့ကာ အနောက်သို့ အလန့်တကြားဆုတ်လိုက်၏။လူက ပြေးလို့မရပါဘူးဆို ထပ်ချွတ်အုံးမလို့လားမသိ။

"ဟိုကောင်"

မိုင်းရဲ့ ခပ်ကြိတ်ကြိတ်ခေါ်သံကြောင့် ခွေးက ချက်ချင်းကြမ်းပြင်ပေါ်ဝပ်ချကာ တအီအီအသံပြုနေသည်။ သဘောက စောစောကပဲ သားလေးခေါ်နေတဲ့ အဖေဆီကနေ ဟိုကောင်ဆိုပြီး အဆူခံလိုက်ရတာကြောင့် ကြေကွဲသွားဟန်။

"ဟုပအေ ကလေးကို သွားသွား ဂိုထောင်ဘက်ဉီးလေးဆီသွား"

ဒေါ်သော်တာက မနက်စာမုန့်ပြင်ကာဝင်လာရင်း ခွေးကို အပြင်ထုတ်လိုက်မှ ပြေခတ်လည်းစားပွဲမှာ ဝင်ထိုင်လိုက်သည်။မျက်စိရှေ့ရောက်လာသော ထမင်းကြော်ပူပူလေးနဲ့ အကြော်ကြောင့် ဟန်မ‌ဆောင်နိုင်စွာ စားမည်အလုပ်

"ဟေး.. အဲ့ဒါစားလို့မရသေးဘူး ... ဒေါ်လေး ဆန်ပြုလုပ်ပေး"

"ရပါတယ် ငါဒါကြိုက်တယ် ဒေါ်လေးကို အလုပ်ပိုအောင် "

My MineWhere stories live. Discover now