Ep-8(Zawgyi)

6.5K 174 0
                                    






"သား ဘယ်သွားမလို့လဲ"

အိမ်ပေါ်ကနေ အထုပ်အကြီးနှစ်ထုပ်ဆွဲကာ ဆိုင်ကယ်ပေါ် တင်နေတဲ့ စိုင်းမိုင်အား အဒေါ်ဖြစ်သူမှ မေးလိုက်သည်။စိုင်းမိုင် ပြန်မဖြေသေးဘဲ  အထုပ်ရောလူရော ဆိုင်ကယ်ပေါ် သေချာအကျအနနေရာယူပြီးမှ

"ဟီးဟီး "

"ဟော်တော်  ... ဘာဟီးဟီးတုန်း ဟဲ့ကလေး "

ဒေါ်သော်တာ စကားမဆုံးလိုက် မောင်းထွက်သွားသော တူတော်မောင်ကြောင့် အိမ်​ရှေ့တင် ကြောင်တောင်တောင်ဖြင့်ကျန်နေခဲ့သည်။

"ဘယ်သွားတာပါလိမ့်"

ဦးထုပ်မပါတာကြောင့် မြို့ကိုပြန်သွားတာတော့မဟုတ်၊ရွာမှာလည်း သူမ ဝယ်ထားတဲ့ တခြားတစ်ကွက်က ဆောက်လက်စပဲရှိသေးတာကြောင့် စိုင်းမိုင်သွားစရာ တစ်နေရာပဲရှိတော့သည်။ ဒေါ်သော်တာ ခါးထောက် ခေါင်းယမ်းရင်းသာ တတ်နိုင်တော့၏။

......

ဒီနေ့ အကြွေးသွားတောင်းတာ စောစောပြန်ရောက်လို့ ပြေခတ် အခန်းရှင်းနေသည်။ပစ္စည်းတွေသူ့နေရာနဲ့သူ နေရာတစ်ကျ၊စာအုပ်လေးတွေကိုလည်း သေချာပြန်စီ ၊ အိပ်ရာခင်းအသစ်လဲပြီး သန့်ရှင်းသွားတဲ့အခန်းလေးကို ကြည့်ကာ စိတ်ချမ်းသာနေသည်။

အောက်ထပ်က ဂြိုလ်ဆိုးကောင် , မရောက်ခင် အထိတော့ ပြေခတ် ဘဝ အေးချမ်းနေတုန်း။အမေခေါ်လို့ လှေကားပေါ်က ဆင်းတုန်းရှိသေး အထုပ်ပိုက်ပြီး ရောက်နေတဲ့ သင်းကြောင့် ပြေခတ် အမောစို့သွားသလိုပင်။

" ဘာလာလုပ်တာလဲ "

ဘယ်လောက်ပဲ လက်ထပ်ရတော့မယ်ပြောပြော အခုထိ သူ့မျက်နှာကို မြင်ရင် စိတ်တိုနေတုန်းပဲ။ နေရင်းထိုင်ရင်း ပြုံးဖြီးပြနေတာကြီးက အမြင်ကပ်စရာ။

"ဒေါ်လေးက  ကျုပ်ကို အိမ်ပေါ်ကနှင်ချလိုက်လို့ "

လူကောင်ကြီးမှ အားမနာ မျက်နှာလေးငယ်ကာ ပြေခတ်ဆီ အသနားခံတဲ့ပုံစံလုပ်နေသည်။

" အဲ့ဒါ ငါနဲ့ဘာဆိုင်လဲ"

"ဟော ဆိုင်တာပေါ့ နောက်နှစ်ရက်နေရင် ယူကြတော့မှာကို "

My MineTempat cerita menjadi hidup. Temukan sekarang