Ep-24(Zawgyi)

4.2K 101 2
                                    







"ဘာလို့ အဲ့လိုပြောတာလဲ"

မိုင်းအသံက ပြောင်းလဲမူမရှိ ပကတိတည်ငြိမ်သော်လည်း ပြေခတ်ပခုံးပေါ်က လက်တွေကတော့ တင်းကြပ်နေအောင် ဆုပ်ကိုင်ထားသည်။ကိုယ်ကိုလှည့်ကာ ရုန်းလိုက်ပြီး ကြမ်းပေါ်က အဝတ်များအား ပြန်ကောက်ဝတ်ရင်း

"မင်း လုပ်ရပ်ကို မင်းသိမှာပဲ"

"ဘယ်လဲ  ပြောတာနားထောင်အုံး"

အခန်းပြင်ထွက်သွားတဲ့ ပြေခတ်အနောက်ကနေ မိုင်းက ပြေးလိုက်လာပြီး လှေကားမှာတင် မှီတော့ ခါးကဆွဲပွေ့ကာ မျက်နှာချင်းဆိုင်လှည့်ပစ်သည်။

"မထိနဲ့ ဖယ်စမ်းပါ ရွံနေတယ်မလား ဝေးဝေးနေ"

"နေအုံးလို့"

"အဲ့လောက် ကာကွယ်ချင်နေရင် လုံးဝလာမထိနဲ့တော့ ငါလည်း မင်းနဲ့ဝေးရာမှာ သွားနေပေးမယ်"

"ပြေခတ်!"

"အင့်"

ဟိန်းထွက်လာတဲ့ သူ့အသံကြောင့် ပြေခတ်ရုန်းနေတာကနေငြိမ်သွားတဲ့အပြင် ကိုယ်ပါဆတ်ခနဲတုန်၍ လှန့်သွားသည်။ငှက်ခါးရောင်မျက်လုံးများက ကြောက်စရာကောင်းအောင် စူးရဲနေ၏။ ပြေခတ်ပါးပေါ်က မျက်ရည်တွေကိုမြင်မှ သူ့ကိုယ်သူ ထိန်းချုပ်လိုက်သည့်ဟန်။ထိုအခါ မာန်ဖီနေသော ခြင်္သေ့တစ်ကောင် အလျော့ပေးလာတော့မှ အတင့်ရဲလာသည့် သားကောင်ပေါက်စလေးနှယ် မိုင်းရဲ့ရင်ဘတ်အားထုရိုက်ကာ အော်ငိုပစ်လိုက်သည်။

"ငါမင်းထက်အကြီးနော် ဘာကိစ္စလာပြီး စိတ်တိုပြနေတာလဲ "

"ဟေး ဟေး ဒီကိုကြည့် ... ကျုပ်မျက်နှာကိုကြည့်စမ်းပါ"

ပါးပြင်နှစ်ဖက်ကို လက်ခုပ်နဲ့ညှပ်ပြီး ပြေခတ်မျက်နှာကို သူ့ထံဆွဲမော့သည်။ရှိုက်နေသည့်ပြေခတ်မျက်နှာ အမူအရာတစ်ခုချင်းစီကို သေချာလိုက်ကြည့်နေပြီး သူနဲ့ မျက်လုံးချင်းစုံပြီဆိုမှ

"ကျုပ်ပုံစံက ခင်ဗျားရဲ့ ဘယ်နားကိုများမသတီတဲ့ပုံပေါက်နေသလဲ ဟမ်... ထိတွေ့ချင်လွန်းလို့ သိက္ခာပါမရှိတော့ဘဲ ရူးမတတ်ဖြစ်နေတဲ့ ဒီကောင်ကလေ"

My MineWhere stories live. Discover now