Ep-22(Zawgyi)

8.7K 181 17
                                    






ခုတင်၏ အစွန်းတစ်ဖက်မှာ ပြေခတ်လဲအိပ်နေပြီး အပြင်ကတိတ်ဆိတ်နေသော ညဉ့်ယံကြောင့် ကျောဘက်မှ အသက်ရှူသံကို ရှင်းလင်းစွာကြားနေရသည်။ကျောပြင်မှတဆင့် လည်ဂုတ်နားထိ ဝင်သက်တို့ ရိုက်ခတ်နေသော်လည်း အသားကိုလုံးဝထိမလာ။

ပြေလည်ပြီလို့ ယူဆထားတဲ့ ဆက်ဆံရေးမှာ မိုင်းက ထပ်ပြီးအမှားမခံတော့သလို တစ်ခုတင်တည်းအတူအိပ်နေတာတောင် စောင့်ထိန်းနေသည်။သို့သော် အသားကိုမထိရုံလေးသာ ခြားထားကြောင်း မိုင်းရဲ့ ကိုယ်သင်းရနံ့ အနီးကပ်ရရှိမူက ထင်ရှားနေ၏။

ဘာလို့ပြန်လာတာလဲ။စိတ်ကြည်သွားပြီလားဆိုတာ တစ်ခွန်းမှမမေးဘဲ ပြေခတ်ရောက်လာတာကိုပဲ ကြည်ကြည်ဖြူဖြူ ရှိသည်။

"မိုင်း "

ပါးစပ်ပိတ်ပြီး ဟင် ဆိုတဲ့ အသံကိုပြုတော့။

"ငါမကြိုက်ဘူးလို့ ပြောရင် မလုပ်ဘဲ နေမလား"

"ဘာကိုလဲ"

ပြေခတ် ကျောပေးထားရာကနေ မျက်နှာချင်းဆိုင်လှည့်လိုက်သည်။မိုင်းက ခန္ဓာကိုယ်ကို အနည်းငယ်ကွေးပြီး ပြေခတ်ရဲ့ လည်ဂုတ်နားမျက်နှာအပ်ထားတာကြောင့် အခုလိုလှည့်လိုက်တော့ တစ်တန်းတည်းဖြစ်နေ၏။အလွန်ချောမောနေသည့် မျက်နှာမှာ တမူထူးခြားသော မျက်ဝန်းကိုပြန်ကြည့်ရင်း

"အကုန်လုံးပဲ ... ငါက မကြိုက်ဘူးလို့ ပြောတာနဲ့ မင်းမလုပ်ဘဲနေရမယ်, အဲ့လိုဆို ဒီအိမ်ကနေ ဘယ်တော့မှ ထွက်မသွားတော့ဘူး ဘယ်လိုလဲ"

မိုင်းက စဉ်းစားသလို ပြေခတ်ကို ပြန်စိုက်ကြည့်လာပြီး

"မရလောက်ဘူး"

"ဟမ်"

"ကိုယ့်ကိုယ်ကိုသိတယ် .... ခင်ဗျားကိုလည်းမလိမ်ချင်ဘူး... စိတ်ကဘယ်အရာကိုမဆို ထိန်းချုပ်ဖို့ခက်နေသေးတယ်"

ပြေခတ်ခေါင်းညိတ်ပြပြီး သက်ပြင်းချရုံသာ။သူ့အတွက်အချိန်လိုအပ်အုံးမှာပေါ့။လူတစ်ယောက်က ချက်ချင်းကြီးတော့ ဘယ်ပြောင်းလဲနိုင်ပါ့မလဲ။

"ဒါဆို ငါတို့နှစ်ယောက်ကြားမှာ ဘယ်လိုပြဿနာမျိုးပဲရှိရှိ မင်းရဲ့စိတ်ကို အတတ်နိုင်ဆုံး ငြိမ်အောင်ထားရမယ်"

My MineWhere stories live. Discover now