Ep-21(Zawgyi)

5.8K 127 6
                                    




အပြာနုရောင် တိုက်ရှေ့မှ ခြံဝန်းအပြင်သို့ ထွက်လာရင်း ဒေါ်သော်တာ ပြောပြသည့် အကြောင်းအရာများအား အစကနေ ခေါင်းထဲတဝဲလည်လည်ပြန်ရောက်လာနေသည်။

"သားစိုင်းမိုင်ရဲ့ အမေ နာမည်က ခင်နွဲ့တဲ့ ၊ ‌ဒေါ်လေးညီမအရင်း၊သွက်လက်ပြီး ပျော်ပျော်နေတတ်တဲ့သူ၊ တစ်ရက် ကျောင်းက သူငယ်ချင်းတွေနဲ့ တောင်တက်ခရီးထွက်မယ်ဆိုပြီး လိုက်သွားရင် ရိုနီဆိုတဲ့ နိုင်ငံခြားသားတစ်‌ယောက်နဲ့ တွေ့လာတယ်၊လူငယ်သဘာဝချစ်ကြိုက်မိတယ်ဆိုပါတော့ တခြားအကြောင်းအရာတွေတော့ ဒေါ်လေးအသေးစိတ်မပြောတော့ဘူး ရတယ်မလား"

"ဟုတ် ရတယ်ဒေါ်လေး"

ပြေခတ်သိချင်တာလည်း မိုင်းအကြောင်းပဲ ဖြစ်တာကြောင့် သူ့နာမည်ပါလာမယ့် အချိန်ကိုသာ စိတ်လောနေမိသည်။‌ဒေါ်သော်တာက သက်မဖြည်းဖြည်းချရင်း

"ရိုနီက ဧည့်သည်လေ အချိန်တန်ပြန်ရမယ့်သူကို ညီမခင်မနွဲ့ သိပ်မိုက်ခဲ့တယ်၊ အချစ်ကိုယုံပြီး ပုံအပ်လိုက်တာ နောက်တစ်ခါပြန်လာရင် လက်ထပ်ပါ့မယ်ပြောခဲ့တဲ့ တိုင်းတစ်ပါးသားက ပြန်ရောက်မလာတော့ဘူး၊ ဖုံးလို့မရတဲ့ ဗိုက်က အချိန်ကြာလေပေါ်လာလေဖြစ်တဲ့အခါ အဖေနဲ့အမေက ရွာထဲ ခေါင်းမဖော်နိုင်အောင်ဖြစ်ခဲ့တယ်၊ အဲ့အချိန်က သားအဖေ သူကြီးမဖြစ်သေးဘူးလေ သူ့အရှေ့တစ်ယောက်က အရမ်းစည်းကမ်းတင်းကြပ်တာ ခင်နွဲ့အကြောင်းရွာထဲပြန့်သွားတော့ ရွာနာတယ်ဆိုပြီး နှင်ထုတ်တယ်။ အဖေနဲ့ အမေက ခင်နွဲ့ကိုခေါ်ပြီး မြို့မှာပြောင်းနေရတော့ ‌ဒေါ်လေးက လက်ငုပ်လက်ရင်းဖြစ်တဲ့ ဒီမှာပဲ စီးပွား‌ရေးအခြေချပြီး နေခဲ့ရတယ်ဆိုပါတော့၊ဒေါ်လေးအလည်သွားဖြစ်တိုင်း အဖေက ခင်နွဲ့ကို မကြည်ဘူးဆိုပြီး ရင်ဖွင့်ရှာတယ်၊ဖျက်ချဖို့လည်းမလုပ်ရက်နဲ့ ကလေးမမွေးခင်ခင်နွဲ့က  ရိုနီပြန်လာမယ်လို့ယုံနေတုန်းပဲ။ အမေက လက်ခံပေမယ့်အဖေကတော့ ရွာမှာ လူကြီးတစ်ယောက်လိုနေလာရာကနေ ဒီလိုအရှက်ရစေတော့ အတော်နဲ့ စိတ်မကြည်ဘူး ၊ နောက် သားစိုင်းမိုင်ကို မွေးပြီး ကလေးလသားအရွယ်လေးနဲ့ ခင်နွဲ့က အိမ်ပေါ်ကနေ ဘယ်သူမှမသိအောင်ဆင်းသွားတော့တာပဲ ၊ နှစ်တွေတော်တော်ကြာတဲ့အထိကို အဆက်အသွယ်မရခဲ့ဘူး ၊ ‌‌ဒေါ်လေးယောက်ျား ကိုခင်တိုး ဆန်ပွဲစားတွေနဲ့သွားလာရင်း ပြန်တွေ့လာတဲ့ အချိန်မှာ ခင်နွဲ့က အိပ်ရာထဲလဲတဲ့ အ‌ခြေအနေထိကိုဖြစ်နေရှာပြီ။ သားမိုင်းကိုလည်းမတွေ့ဘူး၊ခင်နွဲ့ဆုံးပြီး တစ်ပါတ်ကြာမှာ ညီမရဲ့ အမှတ်တရပစ္စည်းလေးတွေကို သိမ်းဖို့ ဒေါ်လေးအဲ့ဒီအိမ်ကိုတစ်ခေါက်ထပ်သွားတော့ အိမ်ရှေ့မှာ ထိုင်နေတဲ့ သားမိုင်းကိုတွေ့လာတာ။မွေးကင်းစတစ်ခါတွေ့တုန်းက မျက်လုံးဝိုင်းဝိုင်းဆံပင်ရွှေအိုရောင်လေးနဲ့ သိပ်ချစ်စရာကောင်းတဲ့ကလေးက ပြန်တွေ့တဲ့အချိန်ပိန်လှီပြီး အသိမရှိတဲ့ လူတစ်ယောက်လိုပဲ ။ကြားမှာဘယ်လိုကိစ္စြတွဖေစ်သွားလဲ ‌ဒေါ်လေးတို့လည်း သေချာမသိရဘူး၊ ဘေးအိမ်က ပြန်ပြောကြတာတော့ ခင်နွဲ့က သားမိုင်းကို အမြဲဆူပူပြီးရိုက်နှက်နေတာတဲ့ ၊ နင့်ရဲ့ အဲ့ဒီမျက်လုံးတွေနဲ့ ငါ့ကို မကြည့်နဲ့တို့ ၊ ဆံပင်ရွှေအိုရောင်ကို ဆွဲရမ်းပြီး ကပ်ကြေးနဲ့ကိုက်ပစ်တာတို့ထိ လုပ်တယ်တဲ့၊ ဒေါ်လေးညီမက သူ့မကို ပစ်သွားတဲ့ လူနဲ့ တူတဲ့ အရိပ်ယောင်မှန်သမျှ သိပ်မုန်းနေတယ် ထင်ပါရဲ့ကွယ်၊ ဒါပေမယ့် သားမိုင်းနဲ့မှ မဆိုင်ဘဲလေ ကလေးက ကြားထဲက ဓားစာခံဖြစ်နေရရှာတယ်"

My Mineحيث تعيش القصص. اكتشف الآن