1

1.6K 117 44
                                    

"ဒီတစ်ခေါက် မင်းအရမ်းများလွန်းသွားပြီမဟုတ်ဘူးလား Gem"

"ငါခေါင်းအရမ်းကိုက်နေတယ် နောက်မှပြောပါလား"

ကုတင်ပေါ်တင်ထားတဲ့ တီရှုပ်ကိုလှမ်းယူဝတ်ရင်း ခပ်အေးအေးပြောလာတဲ့သူကို Fourth တအံ့တဩသာလှမ်းကြည့်မိလိုက်တော့သည်.......

ဘယ်လိုတောင်အေးစက်လွန်း ပြီးတစ်ကိုယ်ကောင်းဆန်လွန်းတဲ့အဖြေမျိုးပါလိမ့်.....

မနေ့ညကတည်းက တစ်ချိန်လုံးတက်နေတဲ့ dating rumor ကြောင့် လူက ရှုတင်မှာကတည်းကမီးမြှိုက်ခံရသလိုပူလောင်နေခဲ့တာ......

Siam Paragon က bar တစ်ခုမှာ Fourth တို့ကုမ္ပဏီကမကြာသေးခင်ကမှ debut လုပ်ပေးထားတဲ့ သရုပ်ဆောင်အသစ်‌ညီမလေးရဲ့ခါးကို ခပ်ဖွဖွပွေ့ဖက်ရင်း ပြုံးပျော်နေတဲ့ Gem ရဲ့ပုံတွေဟာ ပွထနေ‌တာဖြစ်လို့ Fourth မှာ ရိုက်ကွင်းထဲတစ်ညလုံးထိုင်မရထမရတွေကိုဖြစ်လို့.......

instagram မှာရော X မှာပါ အဆိုတော် Gemini Norawit နဲ့ သူ့ရဲ့လိုက်ပွဲလေး ဆိုပြီးပလူပျံအောင်တက်နေတဲ့ post တွေက tranding တွေတောင်ဝင်ကုန်တာမို့ မျက်စိပျက်မျက်နှာပျက်ဖြစ်နေတဲ့ Fourth ကိုလုပ်ဖော်ကိုင်ဖက်တွေအကုန်လုံးကသတိပြုမိတဲ့အထိ အရူးလိုပူလောင်နေခဲ့ရတာ ရှုတင်ချိန်တစ်လျှောက်လုံး.......

မနက်ခြောက်နာရီ အလုပ်ပြီးပြီးချင်း အိမ်အရောက်ပြန်ချလာပြီး အပြေးအလွှားမေးလာတဲ့ Fourth ရဲ့မေးခွန်း‌ကိုဖြေပေးလာပုံက သူဘာမှအမှားလုပ်ထားတာမရှိသလို မှုံတေတေ ဂျစ်တစ်တစ်......

ဘယ်လောက်စိတ်တိုစရာကောင်းလိုက်သလဲဆိုတာ....

"အဲ့လိုခေါင်းရှောင်လို့မရဘူးလေ......
အရင်အခေါက်တွေတုန်းက အခုလိုပုံတွေထင်ထင်ရှားရှားတက်လာတာမဟုတ်လို့ ငါလျှော်ပေးလို့ရပေမယ့် ဒီတစ်ခေါက်ကကျအရမ်းများသွားပြီ......
တွဲလာတဲ့ ငါးနှစ်လုံးလုံး မင်းဒီလိုသတင်းတွေတက်လာတိုင်း ငါဘယ်နှစ်ခါများအခုလိုမေးခဲ့ဘူးသလဲ .....
ဒီတစ်ခါတော့မင်းအပြုအမူတွက် မင်းတာဝန်ယူသင့်တယ် Gem"

"ကျစ်......."

ခပ်တိုးတိုးစုပ်သပ်ရင်း နှာတံအရင်းကိုဖြစ်ညှစ်ကာ ခါးတစ်ဖက်ထောက်ပြီးငြိမ်သက်နေပြန်လေတယ်......

memoriesWhere stories live. Discover now