4

749 93 26
                                    

Coffee မဝဘဲ အလုပ်လုပ်ရတဲ့မနက်တွေဟာ Gem အတွက်တော့ မနက်ခင်းမပီသတဲ့ မနက်ခင်းတွေပါပဲ.......

အရင်က Fourth ဖျော်ပေးတဲ့ coffee ကိုပဲ အရန်သင့်လေး ကောက်သောက်နေကျမို့ ကိုယ့်ဘာသာဖျော်တဲ့အခါ အရသာကသောက်နေကျအတိုင်းမရ......

အိပ်ယာနိုးနိုးချင်းကော်ဖီမသောက်ရရင် ခေါင်းကိုက်တတ်တဲ့ Gem အကြောင်းကောင်းကောင်းသိတဲ့ Fourth ဟာ အိမ်မပြောင်းခင် သူဖျော်ပေးနေကျအချိုးအစားကို note ရေးပြီး  ထမင်းစားပွဲမှာကပ်သွားပေးသေးတာက ကျေးဇူးတင်စရာ......

ရေပေးတဲ့အတိုင်းအတိအကျဖျော်ပေမယ့်လည်း Fourth ဖျော်သလိုသောက်မကောင်းတာက ဘာကြောင့်လဲဆိုတာ Gem အဖြေရှာလို့မရပေ.......

စပြီးရင်းနှီးခဲ့ကြတာက ခုနှစ်နှစ်.......
ချစ်သူသက်တမ်းငါးနှစ်......
တစ်အိမ်ထဲအတူတူနေခဲ့ကြတာနှစ်နှစ်.....

ဒီလောက်အချိန်တွေအကြာကြီးအတူတူရှိခဲ့တာတောင် Fourth စီက ကော်ဖီဖျော်တဲ့နည်းလေးတောင်မှ မသင်ယူခဲ့မိတာကို Gem ပထမဆုံးအကြိမ်အနေနဲ့နောင်တရမိပါသည်.......

နောက်ဆုံးဘယ်လိုမှ ဖျော်ရတဲ့အဆုံးမှာ ဘာလိုလို့ လိုနေမှန်မသိတဲ့ကော်ဖီကိုသာ အသာပြေရုံလောက်သောက်ပြိး မကျေမချမ်းနဲ့ အလုပ်ခန်းကို ဂစ်တာဆွဲပြီးဝင်လာလိုက်တော့သည်......

ဒီနေ့ဘာ schedule မှမရှိလို့ Ent ကိုသွားစရာမလို......

ဆိုတော့ ဂစ်တာတီးမယ် သီချင်းဆိုမယ် သီချင်းရေးမယ် ညနေကျရင်ရေသွားကူးမယ် နေတတ်ရင်ကျေနပ်စရာပါပဲ.....
.
.
.
ကျေနပ်စရာ‌မကောင်းတာကတော့ တစ်နေ့လုံးစဉ်းစားတာတောင် သီချင်းစာသားတစ်လုံးမှခေါင်းထဲကထွက်မလာခြင်းပင်....

ဒီကြားထဲ တစ်သက်လုံးတီးလာတဲ့သီချင်းတွေတောင် cord တစ်လွဲတွေတီးမိနေတာဘာကြောင့်မှန်းမသိ.......

စိတ်နဲ့လူနဲ့ လမိုင်းမကပ်လိုက်တာ......

ring......ring.......ring🎶

ဂစ်တာထပ်တီးမလို့ပြင်တုန်း ring tone မြည်လာလို့ကြည့်လိုက်တော့ ဂျစ်တူးမလေးစီကဖုန်း

"ဟယ်လို"

"ဟယ်လို ကိုကို အားလားဟင် Cappy ကိုတစ်ခုလောက်ကူညီပေးလို့ရမလား"

memoriesWhere stories live. Discover now