"Ready 1....2.....3 flash 📸"
Gem အလုပ်ကိုအာရုံစိုက်ပြီး ကြိုးစား post ပေးနေပေမယ့် camera ကိုင်ထားတဲ့ Phi Phuwin နဲ့အကြည့်ချင်းဆုံးတိုင်း Fourth ကိုပြေးပြေးမြင်ကာ တလှိုက်လှိုက်တက်လာတဲ့ဝမ်းနည်းစိတ်ဟာ တားလို့စီးလို့ကိုမနိုင်......
ဒီနေ့ brand ambassador အဖြစ်လက်ခံထားတဲ့ clothing brand တစ်ခုအတွက် photo shooting ရှိတာကြောင့်မို့ Gem မှာ မနက်စောစောကတည်းကနေ နေ့ခင်းစာစားချိန်ကျော်လာသည်အထိဝတ်စုံပြည့်နဲ့ မိတ်ကပ် on ကာ အလုပ်လုပ်နေရခြင်းကြောင့် လူကအနဲငယ်ပင်နုန်းချိချိဖြစ်နေချေပြီ.......
ပိုဆိုးတာက အလုပ်တွဲလုပ်ရတဲ့ camera man ဟာ Phi Phuwin ဖြစ်နေခြင်းက Gem ကိုပိုပြီးစိတ်မသက်မသာဖြစ်စေသည်.....
Phi Phuwin ကိုမြင်ရင် Fourth ကိုပိုသတိရသည်.....
တစ်ဆက်ထဲမှာပဲ Phi Phuwin ရဲ့ရင်ခွင်ထဲနစ်မြုပ်နေတဲ့ Fourth ရဲ့ကိုယ်လုံးလေးကိုပြန်မြင်ယောင်မိပြီး ဆို့နင့်ပြည့်ကြပ်တဲ့ခံစားချက်ကြီးကပါ တစ်တွဲတွဲလိုက်ပါလာပြန်သည်....
ဒီနေ့နဲ့ဆို Fourth ကိုမတွေ့တာ ရက်နှစ်ဆယ်နီးပါးပင်ဖြစ်နေပြီ......
ရုပ်လည်းမမြင်ရ အသံလည်းမကြားရမို့ Gem သာမက Fourth ရဲ့မာမီတွေကပါစိတ်တွေပူလှပြီ......
နေထိုင်မကောင်းလို့များလား......
အိပ်ရေးကျတ်ကျတ် ပျက်လာရင် သွေးအားနည်းတတ်တဲ့ကောင်လေးမို့ နေများမကောင်းနေသလားတွေးမိတော့ Gem မှာရင်ပူရလေတော့သည်.....
Gem...... Fourth ကိုတွေ့ချင်လွန်းလို့ ရူးတော့မည်.....
"Khun Gemini Norawit Titicharoenrak အလုပ်ကိုအာရုံစိုက်ပေးပါ"
ခပ်ဆတ်ဆတ်ထွက်လာတဲ့ Phi Phuwin ရဲ့စကားသံဟာ လိုတာထက်ပိုမာကြောနေသယောင်ယောင်.....
"ကောင်းပါပြီ.....တောင်းပန်ပါတယ်"
ကိုယ့်ဘက်ကမှန်မနေတာကြောင့် တောင်းပန်စကားပြောကာ အလုပ်မှာစိတ်နှစ်ဖို့ကြိုးစားရပြန်လေသည်......
ကြည့်လို့ရတာ မရတာ အပထား.......
အလုပ်ပြီးရင်တော့ Phi Phuwin ကိုပဲ Fourth အကြောင်းနဲနဲပါးပါးမေးမြန်းကြည့်ရပါမည်......
YOU ARE READING
memories
Fanfictionပုံပြင်လေးတစ်ပုဒ်ရှိတယ် ဟန်နီ..... ဟိုးရှေးရှေးတုန်းက...... တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတဲ့ချစ်သူတွေရှိကြသတဲ့..... ဘယ်လောက်ပဲချစ်ခဲ့ ချစ်ခဲ့ ပုံပြင်တစ်ပုဒ်ပဲဖြစ်တဲ့အတွက် အချိန်တန်တဲ့အခါ ပုံပြင်လေးကတော့ ဒါပါပဲကွယ်ဆိုပြီး အဆုံးသတ်ရတာပါပဲ......