11

964 93 49
                                    

"ငါလေ Gemini ကိုအရင်က တော်တော်လေးလည်လည်ဝယ်ဝယ်ရှိတယ်ထင်ထားတာ
အခုမှဒင်းအကြောင်းကောင်းကာင်းသိတော့တယ်
ဒီကောင်က ‌တုံးချင်တဲ့နေရာကျနှစ်ယောက်မရှိအောင်တုန်းတာပဲ 
ထင်စရာရှားလို့ ငါ့များမင်းရည်းစားထင်ရတယ်လို့"

ထမင်းစားပွဲမှာထိုင်ပြီး Gem အကြောင်းနှုတ်ခမ်းတချွန်ချွန်နဲ့အတင်းတုပ်နေတဲ့ Phi Phuwin စကားကို kitchen counter မှာ ကော်ဖီဖျော်ဖို့ပြင်နေတဲ့ Fourth ကခပ်ပြုံးပြုံးခေါင်းညိတ်ထောက်ခံလိုက်သည်.....

အပြင်မှာမိုးအရမ်းသည်းနေသေးတာမို့ မပြန်ဖြစ်သေးတဲ့ Phi Phuwin ကို Fourth က ကော်ဖီဖျော်တိုက်ဖို့လုပ်နေတာပဲဖြစ်သည်.....

Phi Phuwin ‌ပြန်ပြောပြလို့ ဆေးရုံးမဆင်းခင်တစ်ရက်အကြိုကထဲက Gem လွဲလွဲလေးရဲ့ဖြစ်ကြောင်းကုန်စင်ကို Fourth သိပြီးပြီ.......

အလုပ်ပြန်သွားတဲ့နေ့မှာလည်း Cappy ကသူ့အစ်ကိုအကြောင်းဖောက်သည်လာချသွားတာကြောင့် သူတို့မောင်နှမနှစ်ယောက်ရဲ့ဆက်ဆံရေးအပြင် Mr Eric နဲ့သူတို့ကြားကပြဿနာကိုပါသေသေချာချာသိလိုက်ရသည်မို့  Fourth အရာအားလုံးကို‌တိတိပပ နားလည်သွားခဲ့ရပြီဖြစ်သည်......

တသွေးတမွေးနိုင်လွန်းတဲ့ Gem ကိုကြွယ်ပိုးကြွယ်ဝမိသားစုထဲကမွေးဖွားလာတဲ့သူမှန်း Fourth အစထဲက ရိပ်မိခဲ့ပေမယ့် နှစ်စဉ်နှစ်တိုင်း Gucci လို Prada လို brand တွေနဲ့ collaborate လုပ်ပြီး အီတလီမှာ တခမ်းတနားပွဲတွေလုပ်တတ်တဲ့ ကမ္ဘာကျော် jewellery brand ပိုင်ရှင်ရဲ့ တစ်ဦးတည်း‌သောသားလေးမှန်းတော့မသိခဲ့ပေ......

Gem ဟာတကယ့်ကို သခင်လေးတစ်ပါးလို ရွှေဇွန်းကိုက်ပြီးမွေးဖွားလာခဲ့တဲ့သူ.....

ဒါကြောင့်လည်း လိုချင်တာကို ဘယ်သူ့စီမှာမှဦးမညွတ်ပဲသူ့ဘာသူမရရအောင်ကြိုးစားယူတတ်တဲ့ မာနခဲအကြောတင်းလေးဖြစ်နေခဲ့တာပင်......

ဒီကိစ္စတွေကို Cappy က Fourth နဲ့သူနှစ်ယောက်ထဲသာသိရန်ကတိတောင်းထားခဲ့လေသည်.....

ပြီးတော့ Cappy ပြောတဲ့ ကိုကိုက အရမ်းနောင်တ‌ရနေတာ ပြီးတော့ Phi Fourth ကိုအရမ်းလည်းလွမ်းနေခဲ့တာ ဆိုတဲ့စကားလေးမှာပင် အရင်စချစ်ခဲ့ရတဲ့သူဖြစ်သလို ပိုချစ်ရတဲ့သူလည်းဖြစ်တဲ့ Fourth ဟာ Gem ကြောင့်ကျခဲ့ရတဲ့မျက်ရည်တွေကို လျှော်ပစ်လိုက်နိုင်လေပြီ.......

memoriesWhere stories live. Discover now