7

778 99 43
                                    

Fourth ကားထဲကိုရောက်တာနဲ့ တံခါးကိုလော့ချပြီး စတီယာတိုင်ပေါ်ခေါင်းမှောက်ကာ နာနာကျင်ကျင် နင့်နင့်သည်းသည်းကိုငိုချလိုက်မိသည်မှာ မထိမ်းနိုင်မသိမ်းနိုင်.......

လမ်းခွဲပြီးတာမှ တစ်ပတ်ကျော်ရုံပဲရှိသေး ချစ်သူကိုအခန်းထဲခေါ်သွင်းနေပြီဖြစ်တဲ့အပြင် Fourth လက်ဆောင်ပေးထားတဲ့ T shirt လေးကိုပါကြည်ကြည်ဖြူဖြူဝတ်ခွင့်ပေးထားတာက တကယ်ကိုရက်စက်ရာကျလွန်းလှသည်......

ဒီလောက်‌လုပ်ပြီးတာတောင်မှ မျက်နှာတစ်ချက်မပျက်ပဲ ကော်ဖီသောက်ခေါ်နေသေးတဲ့ Fourth ရဲ့မြတ်နိုးရာလေးဟာ Fourth သာဆက်နေခဲ့မယ်ဆိုရင် သူနဲ့ သူ့ဘေဘီလေးရဲ့ဆက်ဆံရေးကိုပါအကျယ်တဝင့်ရှင်းပြချင်သေးသည့်ပုံပင်......

ဒီကပြားကောင်လေးရဲ့ရင်ဘက်ထဲမှာ နှလုံးသားမှပါ ပါလေစ..... 

Fourth တကယ်ကိုသိချင်လှပါသည်....

ဒီမှာတော့ တစ်သက်မှတစ်ခါ ရှားရှားပါးပါးရူးရူးမူးမူးချစ်ဖူးတဲ့ အချစ်ဦးလေးမို့ တစ်ခြားသူကိုယုယနေတာမြင်ရ‌တဲ့အခါ ရင်ခွင်တစ်ခုလုံးဟာ မချိမဆန့်ကို ကြေကွဲရသည်.......

ပိုချစ်ရတဲ့သူဟာ ပိုနာကျင်ရစမြဲပင်......

တစိမ့်စိမ့်စီးကျနေတဲ့မျက်ရည်တွေဟာ မိနစ်တစ်ချို့ကြာသွားသည်အထိမရပ်တန့်နိုင်သေးတာမို့ Fourth တော်တော်နဲ့ ကားပါကင်ကမခွာနိုင်သေး......

ဒါကပဲ ပုံပန်းပျက်နေပြီဖြစ်တဲ့ Fourth ရဲ့အသည်းကို အစိပ်စိပ်အမွှာမွှာကွဲကြေစေဖို့ အကြောင်းဖန်လာသည် ဆိုရမည်ပင်......

ကားထွက်ဖို့ပြင်နေတုန်းမှာပဲ Fourth ကားရဲ့ မျက်စောင်းထိုးနေရာကိုမောင်းဝင်လာတဲ့ Gem အစ်ကိုဝမ်းကွဲရဲ့ကားကိုတွေ့လိုက်ရသည်.....

တစ်ဖက်ကားက မှန်ချထားတာမို့ Phi Leo ရဲ့မျက်နှာကို Fourth ရှင်းရှင်းလင်းလင်းမြင်ရပါသည်.....

မရင်းနှီးပေမယ့် မျက်မှန်းတန်းမိနေတဲ့သူမို့ Fourth မျက်နှာချင်းဆိုင်ရမှာဝန်လေးစွာ ကားကိုမောင်းမထွက်ပဲနေရာမှာရပ်မြဲတိုင်းရပ်ထားလိုက်၏.....

မိနစ်အနဲငယ်အကြာမှာတော့ နှစ်ယောက်သားပုခုံးချင်ယှဉ်ကာ အတူတွဲလျှောက်လာတဲ့အချစ်ငှက်လေးနှစ်ကောင်ဟာ Fourth ရဲ့မြင်ကွင်းထဲတန်းနေအောင်ဝင်လာလေတော့သည်.....

memoriesWhere stories live. Discover now