"ဦးလေး"
"ဟွန်"
Fourth ရဲ့ခေါ်သံကို ဦးလေး Pond ကလူနာမှတ်တမ်းကိုသဲကြီးမဲကြီးငုံ့ဖတ်နေရင်းပြန်ထူးသည်.....
"ကျွန်တော်သက်သာနေပါပြီ"
"အင်း"
"အရိုးက အက်ရုံအက်သွားတာပဲဟာ ခြေထောက်ကပြန်လှုပ်ရှားလို့လည်းရနေပြီရယ်"
"အင်း"
နှစ်ရွက်ပဲရှိတဲ့မှတ်တမ်းစာရွက်ကိုအပြန်ပြန်အလှန်လှန်ဖတ်နေတာကြည့်ခြင်းအားဖြင့် Fourth ရဲ့ဦးလေးဟာ Fourth ပြောလာမယ့်အကြောင်းအရာကိုတမင် လျစ်လျှူရှုနေချင်တဲ့သဘောမှာရှိကြောင်း Fourth သိပါသည်.......
ဒါပေမယ့် Fourth ကိုယ့်အခန်းကို ပြန်ချင်နေပြီ.....
ပြီးတော့ ဆယ်ရက်လောက်ပျောက်နေတဲ့ Fourth ကို Fourth ရဲ့ fan တွေကလည်းစိတ်ပူနေပြီဖြစ်တာမို့ Fourth ကျန်းကျန်းမာမာအဆင်ပြေပြေရှိနေကြောင်းလောက်တော့ လူလုံးထွက်ပြပြီးအသိပေးချင်လှပြီ......
ပြီးတော့..…..
လွတ်လပ်ချင်ပါတယ်ဆိုတဲ့ အမျိုးသားလေးအတွက် braking up statement ထုတ်ပေးရန် Ent ကိုဆက်သွယ်ဖို့ကျန်သေးသည်..….
နေရတာအဆင်ပြေမနေဘူးဆိုပေမယ့်လည်း Fourth မှာလုပ်စရာတွေတပုံကြီးရှိနေပါသေးသည်.......
"ကျွန်တော်အိမ်ပြန်ချင်ပြီဦးလေး
ကျွန်တော်ပျောက်နေတော့
ကျွန်တော့ရဲ့ fan တွေလည်းစိတ်ပူနေကြပြီ
ပြီးတော့အလုပ်တွေလည်းအများကြီးရှိသေးတယ်
ကျွန်တော် ဒဏ်ရာကိုကောင်းကာင်းဂရုစိုက်ပါ့မယ် ဦးလေးစိတ်ချပါ ကျွန်တော်အိမ်ပြန်ပါရစေ..….."အကျိုးသင့်အကြောင်းသင့်ရှင်းပြပြီး ခွင့်တောင်းလိုက်တော့ ဦးလေးက ကုတင်ဘေးကို တင်ပါးလွှဲဝင်ထိုင်ပြီး ကုတင်ပေါ်မှာကျောမှီထိုင်နေတဲ့ Fourth ကိုမျက်နှာချင်းဆိုင်ကြည့်ကာ သက်ပြင်းတစ်ချက်ရှိုက်သည်......
"ခြေထောက်ကိုစိတ်ချတယ်......ငါစိတ်မချတာမင်းကို Fourth ရဲ့"
နဖူးပေါ်ဝဲကျနေတဲ့ဆံသားနုနုလေးတွေကိုသပ်တင်ပေးရင်း ခပ်လေးလေးဆိုလာတဲ့ ဦးလေးရဲ့စကားကို Fourth မတုံ့ပြန်နိုင်စွာ ခေါင်းငုံ့လိုက်မိသည်......
YOU ARE READING
memories
Fanfictionပုံပြင်လေးတစ်ပုဒ်ရှိတယ် ဟန်နီ..... ဟိုးရှေးရှေးတုန်းက...... တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတဲ့ချစ်သူတွေရှိကြသတဲ့..... ဘယ်လောက်ပဲချစ်ခဲ့ ချစ်ခဲ့ ပုံပြင်တစ်ပုဒ်ပဲဖြစ်တဲ့အတွက် အချိန်တန်တဲ့အခါ ပုံပြင်လေးကတော့ ဒါပါပဲကွယ်ဆိုပြီး အဆုံးသတ်ရတာပါပဲ......