Chapter-7

155 26 0
                                    

[ Unicode ]

[ သနားစရာကောင်းတဲ့ ဗီလိန်လေးကို ကယ်တင်ခြင်း ]

အခန်း-၇။ သူ့ဆံပင်ကိုရွှေရောင်ဆိုးပစ်လိုက်တယ်

______________

နောက်ရက်များတွင် ရှုနင်က ဗီလိန်လေး နေ့လည်စား စားမစားသိရရန် နေ့စဉ် စစ်ဆေးမည်ဖြစ်သည်။ နောက်ဆုံးတော့ အမှန်တကယ် သူနေ့လည်စာစားပြီးပြီဟု သိလိုက်ရသောအခါမှ ရှုနဉ် စိတ်သက်သာရာ ရသွားသည်။

သူက ကျိုးကျွမ်အား တစ်ပါတ်လျှင်တစ်ခါ နေ့လည်စာဖိုးပေးရန် စီစဉ်ထားသည်။

ပိတ်ရက်ရောက်သောအခါ မာမားချိုက်သည် ရှုနဉ်အား ပါတ်တီးဖြည်ရန် ဆေးရုံသို့ခေါ်သွားသည်။ပါတ်တီးအားဖယ်ရှားပြီးသောအခါ ရှုနဉ်က ဆရာဝန်အား သူ့ဆံပင်ကို အရောင်ဆိုးလျှင် အဆင်ပြေမလား ဟု တိတ်တဆိတ် မေးလိုက်သည်။

ဆရာဝန်က သူ၏ဒါဏ်ရာကို တစ်ချက်ကြည့်လိုက်ပြီး လုံးဝကြီးတော့ မငြင်းချေ။ ဆေးမဆိုးတာကတော့ အကောင်းဆုံးဟုသာ ဆရာဝန်ကပြောခဲ့သည်။

ယျေဘူရအားဖြင့် ပြောရမည်ဆိုလျှင် သူ့ဆံပင်အား ဆေးဆိုးလဲ အဆင်ပြေသည်ဟု ဆိုလိုသဖြင့် ရှုနဉ် စိတ်သက်သာရာ ရသွားတော့သည်။

ဆေးရုံမှ ထွက်လာသည်နှင့် ရှုနဉ်က မာမားချိုက်ကို ပြန်လွှတ်လိုက်ပြီး သူ့ဆံပင်ကိုဆေးဆိုးရန် ဆံပင်ညှပ်ဆရာနှင့်တွေ့သည်။

ဆံပင်ညှပ်ဆရာက သူ့ကို ဆိုးဆေး အပျော့ကိုသာသုံးဖို့အကြံပေးခဲ့ပြီး ရှုနဉ်လည်း သဘောတူလိုက်သည်။

နာရီအနည်းငယ်ကြာပြီးနောက် ချောမော တောက်ပတဲ့ ရွှေအိုရောင်ကောင်လေးတစ်ယောက်မှန်ထဲတွင်ပေါ်လာတော့၏။

ရွှေအိုရောင်ဆံပင်က သူ့အသားအရေနှင့်အလွန်လိုက်ဖက်သည်။ရှုနဉ်က သဘာဝအတိုင်း အသားဖြူတာမဟုတ်ပေမဲ့ ရွှေအိုရောင်ဆံပင်ကြောင့် သူ့အသားအရေကို ပို၍ဖြူလာစေသည်။

ထို့အပြင် ရွှေအိုရောင်ဆံပင်က သူနှင့်အရမ်းလိုက်တာကိုလည်း သိလိုက်ရသည်။သူက ခပ်ရွဲ့ရွဲ့ လူဆိုးပုံပေါက်နေမည်ဟု ထင်ခဲ့​သော်လည်း တကယ့်ကို လှလှပပ ကောင်းကောင်းမွန်မွန်ဖြင့်ထွက်လာသည်။

သနားစရာကောင်းတဲ့ ဗီလိန်လေးကိုကယ်တင်ခြင်း [ ဘာသာပြန် ]Место, где живут истории. Откройте их для себя