{ဗိုလ်ချုပ်နိုရာကငါ့ရဲ့ခွေးဖြစ်ချင်နေတယ်}

989 139 51
                                    

Chapter6

"ထင်တယ် လာကူညီထဲကသဘောရိုးနဲ့မဟုတ်မှန်း ငါထင်ပါတယ် ကတောက်!"

ခါးထောက်ကာအခန်းထဲတွင်ဟိုလှည့်ဒီလှည့်လုပ်ရင်း ကြိမ်းမောင်းနေသည့်သခင်လေးကိုကြည့်ပြီး လင်ဗန်းလေးအားပိုက်ကာ လိုင်ယာကြောင်တောင်တောင်လေးရပ်နေမိသည်။

သခင်လေးထူးဆန်းနေတာမှန်ပေမယ့် ဒီနေ့ပိုထူးဆန်းနေသည့်အပြင် အိပ်ယာနိုးကတည်းကဒေါသထွက်နေတာကြောင့် လိုင်ယာအနည်းငယ်တော့လန့်မိပါသည်။

"နေပါဦး..တစ်ကယ်ကြီးကိုယ့်ရဲ့ဖိုင်တွေကို ဗိုလ်ချုပ်ယူသွားတာလား လိုင်ယာ!?"

ဒေါသထွက်နေရာကနေသူ့ဘက်သို့ရုတ်တရပ်ကြီးလှည့်လာတာကြောင့် လိုင်ယာလန့်သွားကာ ခေါင်းတစ်ဆက်ဆက်ငြိမ့်ပြမိသည်။

လိုင်ယာမလိမ်ပါ။မနေ့က‌ နေ့လည်လောက်ကြီးသခင်လေးကို ပွေ့ကာဗိုလ်ချုပ်ကအိမ်တော်ထဲသို့ရောက်လာခဲ့သည်။ အဲ့အပြင်သခင်လေးလက်မောင်းကဒဏ်ရာအကြီးကြီးကို ကိုယ်တိုင်ပိုးသတ်ကာ ဆေးထည့်ပေးပြီး အားနည်းနေသည့် သခင်လေးလက်ကို ကိုင်ရင်းpheromonesတွေနဲ့ပါ နှစ်သိမ့်ပေးခဲ့သေးသည်။

ပါလာကတည်းကအနာရှိန်ကြောင့် အိပ်ပျော်နေသည့်သခင်လေးဟာ ဘာကိုမှတောင်သိသည့်မပေါ်။

ပြီးတော့ဗိုလ်ချုပ်မက်ဒရူးတောင်ကုတင်ပေါ်ထိမထိုင်ဖူးတာကိုဗိုလ်ချုပ်Titicharoenrakဟာ သခင်လေးရဲ့ကုတင်‌ဘေးတွင်တစ်နာရီလောက်ထိုင်ပြီး ဂရုစိုက်ပေးခဲ့သည့်အပြင်ကို လက်ကိုလည်းပိုင်စိုးပိုင်နယ်နမ်းသွားခဲ့သေးပါသည်။

အဲ့နောက် သခင်လေးနှင့်ပါလာသည့်ဖိုင်အချို့ကိုလည်း လိုင်ယာ့ကိုခွင့်တောင်းပြီးယူသွားသေးသည်။အလုပ်အတူတွဲလုပ်ထားသည်ထင်ပြီး လိုင်ယာခေါင်းငြိမ့်ပြခဲ့မိသေးသည်။

ပြီးတော့ အခြေအနေတိုင်းပဲ မနက်နိုးလာသည့်သခင်လေးဟာ သူ့ဖိုင်တွေပျောက်သွားလို့သောင်းကျန်းကာ တစ်ယောက်ထဲကြိမ်းမောင်းနေလေသည်။

ခုလည်း မျက်လုံးပြူးမျက်စံပြူးဖြင့်ပုခုံးနှစ်ဖက်ကိုထိန်းကိုင်ကာ မယုံနိုင်သလိုမေးနေတာကြောင့်လိုင်ယာ သက်ပြင်းလေးသာချမိပါတော့သည်။

「The villain」: Perfect Marriage Revenge(geminifourth ff✅)Where stories live. Discover now