{ပြီးပြည့်စုံသည့်ကလဲ့စားချေခြင်း}

1.5K 141 23
                                    

Chapter12

"အိမ်တော်ကိုအ၀င်အထွက်ပိတ်ထားပါ ဘယ်သူသတင်းလာမေးမေးမရှိဘူးပဲပြောပေးပါ..အဲ့တာထက် သခင်လေးjiroကို ခြံအောက်တောင်ပေးမဆင်းပါနဲ့"

ဗိုလ်ချုပ်ရဲ့အေးစက်စက်လေသံအဆုံးမှာငါမျက်ခုံးတွေ‌တွန့်ချိုးသွားသည်။ဒီလူအခုဘာလုပ်နေတယ်ထင်တာလဲ။လူကိုကျောပေးပြီး လိုင်ယာ့အားမှာချင်တာမှာနေလေသည်။

လက်ကဆေးပိုက်ကြောင့်ကုတင်ပေါ်ကထမရပေမယ့် နောက်ကျောပေးထားသည့်ဗိုလ်ချုပ်ရဲ့မျက်နှာကိုစိတ်ထဲမှာငါအကြိမ်ကြိမ်ကုပ်‌ဆွဲပြီးနှင့်ပြီ။

မက်ဒရူးနဲ့ကိစ္စပြီးသွားကတည်းက ၃ရက်လောက်သတိလစ်ပြီးသည့်နောက်မှာဆေးရုံမဟုတ်သည့်ငါ့အိမ်ထဲက ကုတင်ပေါ်တွင်ပြန်နိုးလာခဲ့သည်။နိုးနိုးချင်းပင် နံဘေးတွင်ဗိုလ်ချုပ်ဟာရှိမနေတာကြောင့်စိတ်ထဲထင့်သွားပေမယ့် ပြန်ရောက်လာမှစိတ်ကောက်ပစ်မယ်တွေးတုန်း ဟောကြည့် ဒီလူဟာပြန်ရောက်လာပြန်လည်းသူများရဲ့privacyထိပါ လိုက်ပိတ်ပင်နေလေရဲ့။

သိပ်မကြာခင်မှာပဲမှာတမ်းခြွေပြီးသည့်နောက်မှာ အခန်းထဲ၌
လိုင်ယာထွက်သွားပြီးနောက်ဗိုလ်ချုပ်ကငါ့ဘက်သို့လှည့်လာ၏။

နွမ်းလျလျဖြစ်နေသည့်ဗိုလ်ချုပ်ရဲ့မျက်နှာဟာ အိပ်ထားပုံတောင်မပေါ်ပေ။ဒီလိုကျတော့လည်းငါသနားစိတ်လေး၀င်သွားသည်။သို့သော် မျဉ်းဖြောင့်လိုတန်းနေသည့်နှုတ်ခမ်းပါးတွေကြောင့်အလိုမကျမှုတွေကငါ့စိတ်ထဲတိုး၀င်လာပြန်သည်။

အဲ့တာဘာသဘောလဲ။စိတ်‌ဆိုးနေတာလား။

"ဘာဖြစ်နေတာလဲဗိုလ်ချုပ်?ကိုယ်နိုးပြီးကတည်းကမင်းကိစ္စတွေကြီးပဲ"

ဗိုလ်ချုပ်စီကသက်ပြင်းတစ်ချက်ချသံကိုငါကြားလိုက်ပါသည်။

"ကတိမတည်ဘူးjiro ကိုယ်မင်းကိုအဲ့လိုဖြစ်မှာစိုးလို့ ဘယ်မှမသွားဖို့မှာခဲ့တယ်မလား မင်းကအိုမီဂါလေ!..မင်းကိုယ့်စကားကိုနည်းနည်းအရေးစိုက်သင့်တယ်မထင်ဘူးလား!! ကိုယ်ကမင်းအတွက်အရေးတောင်ပါရဲ့လား?"

ဟက်..အခုသူ့ကိုအော်နေတာလား။သိပ်မကြာသေးခင်ကမှ ပြန်နိုးလာတဲ့ငါ့ကိုလေ!?အခုဒီလူကအရင်လိုလက်ကိုဆုပ်ကိုင်ပြီး စိတ်ပူပေးမဲ့အစားခပ်တန်းတန်းကရပ်ပြီး ငါ့ကိုလေသံမာမာနဲ့အော်နေတာလေ။

「The villain」: Perfect Marriage Revenge(geminifourth ff✅)Where stories live. Discover now