{ခမ်းနားသော စေ့စပ်ပွဲ}

951 131 52
                                    

Chapter9

အနီရောင်ပိုးဖဲသားအင်္ကျီအားကြယ်သီးအပြည့်တပ်ရင်း အနက်ရောင်ပန့်ဘောင်းဘီရှည်နှင့်အတူ တွဲ၀တ်ကာ မကြာသေးခင်ကမှ ကောက်ထားသည့်ဆံနွယ်တွေအား နဖူးပေါ်သို့ဝဲချလိုက်သည်။

Lip glossပန်းနုရောင်ကို ခပ်ပါးပါးဆိုးကာ ညာဘက်မျက်ထောင့်တွင်အနက်ရောင် အစက်လေးတစ်ခုမသိမသာချလိုက်ရင်း ငါပြုံးလိုက်၏။

ပြီးပြည့်စုံလိုက်လေခြင်း။နဂိုကတည်းကသေးသွယ်သွယ်ခါးဟာ အင်္ကျီခါးကြားညှပ်၀တ်လိုက်သည့်အခါပိုလို့ပင်ထင်ရှားလာခဲ့ပြီး အနီရောင်တွေကြားမှာအသားရည်ဟာပိုလို့ပင်တောက်ကနေလေသည်။

အဖြူတွေနှင့်အသားကျလာသည့်ဖြူအုအုသခင်လေးတစ်ယောက်ဟာ နေ့ချင်းညချင်းပဲအနီရောင်‌တွေနှင့် သိပ်ကိုခမ်းနားနေလိမ့်မည်ဟုထင်ကိုမထင်ထားမိခဲ့ပေ။ငါ့ပုံစံဟာအခုမှတစ်ကယ်ပွင့်လန်းလာသည့် ခပ်ရဲရဲနှင်းဆီတစ်ပွင့်လိုပင်။

"သခင်လေး..ဧည့်သည်တွေရောက်နေပါပြီ"

အခန်းတံခါး၀ကလိုင်ယာရဲ့စကားကြောင့်ငါလှည့်ကြည့်လိုက်တော့လိုင်ယာဟာ ငါ့ပုံစံအားကြည့်ပြီးတစ်ခါမှမမြင်ဖူးသလိုမျိုးပါးစပ်တွင်လက်နှစ်ဖက်ကိုအုပ်ကာ မှင်သက်နေလေသည်။ရလဒ်ကကျေနပ်စရာပဲ။ခပ်ဟဟရီလိုင်ရင်း လက်ပိုက်ကာငါလိုင်ယာ့အားကြည့်လိုက်၏။

"ကိုယ် ဘယ်လိုနေလဲလိုင်ယာ?ကြည့်ကောင်းရဲ့လား"

"လှလိုက်တာမှတအားပဲသခင်လေးရယ်.."

လိုင်ယာ့ရဲ့ အဖြေအဆုံးမှာငါစိတ်လိုလက်ရပြုံးမိသွားသည်။အဲ့နောက်လာခဲ့မည်ဟုဆိုကာ လိုင်ယာ့ကိုအရင်ပြန်လွှတ်လိုက်၏။

Fourth Nattawatရဲ့အသက်'22'နှစ်ပြည့်နှစ်။အရင်ဇာတ်ညွှန်းအတိုင်းသာဆိုရင် မွေးနေ့မှာယူ့ရဲ့အရှက်ခွဲခြင်းကိုခံရတဲ့အပြင်စေ့စပ်ထားပါသည်ဆိုသည့်မက်ဒရူးဟာ လူပုံလယ်မှာ ကိုယ့်ခင်ပွန်းလောင်းထက် အခြားမိန်းမတစ်ယောက် ကိုရင်ထဲထည့်ထားတဲ့အချိန်ပေါ့။

တစ်ခါတစ်ရံကျပြန်လဲတုံးအလွန်းတဲ့မူလကိုယ်ပိုင်ရှင်အစားငါကပဲရှက်မိပါသည်။ငွေရော အသိုင်းအဝိုင်းရော နောက်ခံပါရှိတာနေတာကို သိုးဖြူလေးလိုမျိုးခပ်ကုပ်ကုပ်လေးနဲ့ တစ်စိမ့်စိမ့်နာကျင်ရင်းသေသွားရလို့လေ။

「The villain」: Perfect Marriage Revenge(geminifourth ff✅)Where stories live. Discover now