{ငါကအားမနည်းတဲ့အိုမီဂါ}

1K 118 31
                                    

Chapter11

"Main cityမှာ ပွဲရှိလို့ကိုယ်မဖြစ်မနေတက်ရမှာ jiro..ကိုယ်မပါပဲဘယ်မှလျှောက်မသွားပါနဲ့နော်"

ပန်းနုရောင်ခါးစည်းကို စည်းထားကာ ငါစားချင်သည့်မုန့်လုပ်ပေးနေသည့်ဗိုလ်ချုပ်ဟာ ခရမ်းချဉ်သီးလှီးရင်းဆိုလာလေသည်။

စားပွဲပေါ်ကသရေစာတွေကိုထိုင်စားရင်း နောက်ကျောပေးထားသည့်လူအားခေါင်းတငြိမ့်ငြိမ့်ဖြင့်သာ ငါအသံတိတ်တုန့်ပြန်လိုက်၏။ပါးစပ်မအားတာကြောင့်။

သိပ်မကြာခင်မှာပဲ မွှေးကြိုင်နေသည့်ဟင်းတစ်ခွက်နှင့်အတူ ဗိုလ်ချုပ်ဟာငါ့အနားသို့ရောက်လာပြီး ပန်းကန်လုံးဖြူတစ်လုံးဖြင့်ထမင်းခူးပေး၏။

"မက်ဒရူးရဲ့အမှုကမပြီးသေးတာမလို့ အာမခံနဲ့လွှတ်ရင်လွှတ်လာနိုင်တာမလို့ အပြင်တွေတစ်ယောက်ထဲလျှောက်မသွားပဲ ကိုယ့်စကားနားထောင်နော်"

အစောကပြင်ပေးထားသည့်ဟင်းတွေတစ်ခုပြီးတစ်ခုထည့်ပေးရင်းဗိုလ်ချုပ်ဟာထပ်မံပြောလာပြန်သည်။အခုဟာက တူသာငါ့လက်ထဲမကိုင်ထားရင် ဗိုလ်ချုပ်ကိုယ်တိုင်လာခွံ့ကျွေးလောက်မည့်ကိန်းရှိသည်။

ပါးနှစ်ဖက်လုံးပြည့်နေတာမလို့ခေါင်းသာတစ်ဆက်ဆက်ငါငြိမ့်ပြလိုက်သည်။ထိုအခါမှဗိုလ်ချုပ်ဟာ တစ်ချက်ပြုံးလာပြီးသက်ပြင်းယဲ့ယဲ့ချလေသည်။

"စိတ်မချလိုက်တာကွာ..ကိုယ်မင်းတစ်ယောက်ထဲကိုဒီအိမ်တော်ထဲဘယ်လိုထားခဲ့ရမလဲ ကိုယ်နဲ့လိုက်ခဲ့မလား?"

ငါ့မျက်စောင်းဟာဗိုလ်ချုပ်စီဒိုင်းခနဲရောက်သွားသည့်အခါသူကအလိုက်တသိပါးစပ်ပိတ်သွားလေသည်။နေပါဦး။ဒီလူငါ့ကို၅နှစ်သားလေး‌များမှတ်နေတာလား။

"ကိုယ့်ဘာသာကိုယ်ကြည့်နေတတ်ပါတယ်ဆို ဗိုလ်ချုပ်ကိုယ့်ကိုဘာထင်နေတာလဲ"

ပါးစပ်ထဲကအစား စာတွေကိုဝါးရင်းလက်ထဲကတူဖြင့်တထိုးထိုးပြောတော့ ဗိုလ်ချုပ်ဟာသွားတန်းဖြူတွေပေါ်သည်ထိပြုံးပြလာပြီး တစ်ရှုးတစ်ရွက်ယူကာ ငါ့နှုတ်ခမ်းထောင့်ကိုခပ်ဖွဖွသုတ်ပေးလာလေသည်။

「The villain」: Perfect Marriage Revenge(geminifourth ff✅)Where stories live. Discover now