{Dominant Alphaအားထိန်းချုပ်ခြင်း}

1.2K 134 95
                                    

Chapter7

Mature on(16+)

"Alphaတွေ ruts၀င်တဲ့ကာလမလို့ သခင်လေးအပြင်တွေသိပ်မထွက်သင့်ပါဘူး"

မနက်စာကိုအခန်းထဲသို့လာပို့သည့် လိုင်ယာရဲ့သတိ‌ပေးစကားကိုနားထောင်ရင်း ပေါင်မုန့်တစ်ချပ်ကိုယူကာ ငါကိုက်စားလိုက်သည်။

Rutsကာလတဲ့။ဒါကြောင့်ဒီရက်ပိုင်းမက်ဒရူးကိုမတွေ့ရတာကိုး။ဖိုင်တွေပျောက်သွားမှန်းလဲခုလောက်ဆို သိလောက်ပြီး အရူးဆိုင်းဝိုင်းတီးနေတော့မှာပဲ။

ဖိုင်ဟုတွေးမိလိုက်တော့တစ်ဆက်ထဲဗိုလ်ချုပ်ဘက်ကဘာမှမလှုပ်ရှားသေးတာကိုငါသတိထားမိပါသည်။ သက်သေကသူ့လက်ထဲမှာကိုလေ။ဘာကိုစောင့်နေတာပါလိမ့်။

တွေးဆဆဖြင့်လက်ထဲကပေါင်မုန့်ကိုအကုန်စားလိုက်ရင်း ထရပ်လိုက်ရင်းအ၀တ်လဲရန်ငါပြင်ဆင်လိုက်သည်။

အပြင်တွေမထွက်ဖို့မှာနေသည့်လိုင်ယာကတော့ လိုက်ကာတွေလိုက်လှန်ရင်း ထပ်ပြီးအိမ်တော်ထဲမှာမနေသည့်ငါ့ကိုမျက်စောင်းထိုးကာကြည့်လာလေသည်။

သွားဖြီးပြလိုက်ရင်း ရေချိုးခန်းထဲသို့သာ ငါ၀င်လာလိုက်၏။

ပြောစကားနားထောင်သည့်သခင်လေးကိုကြည့်ရင်း လိုင်ယာမှာလည်းဆုံးမဖို့စကားပင်မရှိတော့ပင်။ပြောလည်းအာပေါက်ရုံပဲအဖတ်တင်မည်။သခင်လေးကတော့ ဘယ်သောမှအိမ်တော်မှာ၁နာရီပြည့်အောင်နေမှာ မဟုတ်ပဲ။

တစ်အိမ်ထဲတူတူနေသည့်အန်နာလေးတောင်သခင်လေးကိုသိပ်မမြင်တော့ သူဟာသူတစ်ယောက်ထဲတောင်ဆော့တတ်နေပြီလေ။အရင်ကဆိုသခင်လေးပါမှဆော့နေကျကို။

အတိတ်မေ့ပြီးကတည်းက ပြောင်းလဲသွားပြီးပေါက်ကရတွေပဲလုပ်နေသည့် သခင်လေးကတော့ဂရုတောင်စိုက်သည့်ပုံမပေါ်ပါ။ဗိုလ်ချုပ်မက်ဒရူးအတွက် အနှစ်နှစ်အလလထားခဲ့သည့်ဆံပင်ရှည်တွေကို ဘာမှတောင်တွေးမနေပဲညှပ်ချပစ်ပြီး အရင်ကသင်ခဲ့သည့် အရာတွေအားလုံးတောင်မေ့သွားသည်မလား။

မီးဖိုချောင်၀င်တာကအစချည်ထိုးတာအဆုံးလေ။ဆရာကြီးလုပ်ပြီးလိုင်ယာသွားတော့မပြောရဲပါ။အခုသခင်လေးကတစ်ကယ့်လက်ရဲဇက်ရဲလေ။

「The villain」: Perfect Marriage Revenge(geminifourth ff✅)Where stories live. Discover now