ep(17)

2.6K 158 11
                                    

💚 || တော်ဝင်ပန်း || 💚

ep (17)

" ညက မီးက ဘာဖြစ်တာလဲ "

မနက်စာ စားဝိုင်းတွင် ဖြစ်သည် ။ စားသောက်ဆောင်၏ စားပွဲခုံရှည်ကြီးပေါ်တွင် တည်ခင်းထားတဲ့ အစားအသောက်တို့က တော်ဝင်အိမ်တော်နဲ့ လိုက်ဖက်စွာ ခမ်းနား တင့်တယ်သည် ။

သခင်ကြီးက စားပွဲထိပ်မှာ ထိုင်ပြီး ဘေးက ခုံမှာ သခင်မကြီးက ထိုင်သည် ။ ReHan က သခင်မကြီးနဲ့ မျက်နှာချင်း ဆိုင်မှာ ထိုင်ပြီး အထိန်းတော်ကြီးနှင့် အိမ်အကူ တစ်ချို့က လိုအပ်တာ ယူပေးဖို့ ဘေးတွင် မတ်တပ် ရပ်နေကြသည် ။

ထိုစကားသည် သခင်ကြီးက ReHan အား မေးလိုက်ခြင်း ဖြစ်သည် ။ အစားစားနေတုန်း စကားမပြောရဘူး စည်းကမ်းရှိပေမဲ့ ဒီကောင်လေးတွေက ဖမ်းဖို့ ခက်တယ် ။ ဆိတ်ဆိုတာ သေးပေါက်တုန်း ဖမ်းရတယ် မဟုတ်လား

ReHan က သောက်လက်စ ကော်ဖီခွက်ကို ပြန်ချရင်း

"Transfer မှာ ပြသနာ နည်းနည်း ရှိနေတာပါ အန်ကယ် ကျနော့်လူတွေကို အသစ်လဲဖို့ ပြောထားပါတယ်  "

" မီးပျက်တာ 5 မိနစ်လောက်ဘဲ ကြာတယ်ဆိုတော့ ဘာပြသနာမှ မဖြစ်သွားဘူးမလား  "

" မဖြစ်ပါဘူး အန်ကယ် ချက်ချင်းပြန်ပြင်ပြီး ညထဲက တစ်ခြံလုံး စစ်ပြီးသွားပါပြီး မသင်္ကာစရာ မတွေ့ပါဘူး "

" အင်းပါ ဒါနဲ့ ကလေးရော မနိုးသေးဘူးလား "

ဒီစကားကိုတော့ သခင်မကြီးအား ကြည့်ပြီး မေးလိုက်ခြင်း ဖြစ်သည် ။

" ခုန သွားနှိုးသေးတယ် အိပ်အုံးမယ်ဆိုလို့ ထားခဲ့လိုက်တာ  "

" ကလေးကို သေချာဂရုစိုက် မေ အလိုလိုက်တာနဲ့ ချစ်တာက မတူဘူးနော် မေ သားကို ဒုက္ခမရောက်စေချင်ရင် "

" ကျမသားကို ကျမ ဘာမှ အဖြစ်မခံဘူး "

သခင်ကြီးကတော့ ခေါင်းသာ ငြိမ့်ပြလိုက်သည် ။ ကလေးက ဂျစ်တာလည်း မပြောနဲ့ သူ့အမေနဲ့ တစ်ပုံစံထဲရယ်  ။ အသက်ကြီးမှ ရထားတဲ့ ကလေးလေးမို့ သူ့အမေက သဲသဲလှုပ်နေတာ သူလည်း ချစ်ပေမဲ့ သားကို လိုတာထက် ပိုပြီးတော့ အလိုမလိုက် ။ အထူးသဖြင့် ညဘက်အပြင်ထွက်တာ ။ ယောကျ်ားလေးပေမဲ့ သားက ....

💚 || တော်ဝင်ပန်း || 💚 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now