ep(16)

3.2K 184 7
                                    

💚 || တော်ဝင်ပန်း  || 💚


ep(16)

အစကတော့ ကိုကြီးက သူ့လူတွေဘဲ လွှတ်မယ် ပြောပေမဲ့ နိုင်ငံအတွင်းမှာဘဲ ရှိနေတာ သိတော့ ချက်ချင်းကို ပြန်လိုက်ခေါ်တော့သည် ။ Sean လည်း သူ့အပြစ်နဲ့ သူမို့ မလိုက်ဘူးလို့ ပြန်မပြောရဲ ။ သို့ပေမဲ့ Mammy တို့ကို ပြန်မပြောပါဘူးဆိုတဲ့ ကတိကို ယူပြီးမှ ပြန်လိုက်လာခဲ့တာ ဖြစ်သည် ။ ခုဆို Sean က တော်ဝင်အိမ်တော်ကို ပြန်ရောက်နေသလို Ryne ကိုလည်း အိမ်ပြန်ပို့ပေးပြီးပြီ ဖြစ်သည် ။

Sean ရေမိုးချိုးပြီး စားပွဲတင် မှန်တင်ခုံ ရှေ့တွင် ထိုင်ရုံရှိသေး ကိုကြီးက ဝင်လာသည် ။ Sean မှန်ထဲကနေဘဲ တစ်ချက်လှမ်းကြည့်ပြီး မျက်နှာ နုနုစင်စင်ကို ခရင်မ် လူးနေလိုက်၏

ကိုကြီးက ကုတင် ဘေးတွင် ရှိသော ဆိုဖာ ခုံမှာ ဝင်ထိုင်ပြီးမှာ Sean ကို မှန်ထဲကနေ လှမ်းကြည့်ကာ

" ငယ်လေး ကိုကြီးကို ရှင်းပြနေချင်တာ မရှိဘူးလား "

" ဘာကို "

လုပ်လက်စကို မပျက်တမ်း လုပ်နေတဲ့ Sean ကအေးအေးလူလူဘဲ ဖြစ်နေပုံပင် ပြန်မေးလာပုံက တည်ငြိမ်လွန်း၏

Sean က တစ်ခါတစ်လေ ထိုသို့ ရင့်ကျက်ချင်ယောင်လည်း ဆောင်တတ်ပါသေးသည် ။ 

" သွားခဲ့တဲ့ အပန်းဖြေ Hotel က ဘယ်လိုနေရာလဲ ဘယ်သူခေါ်သွားတာလဲ ပြီးတော့ နာမည်တွေ ဆိုင်းဘုတ်တွေ မရှိရတဲ့ အကြောင်းရင်းကရော ဘာလဲ "

သူသိချင်ရင် ချက်ချင်း သိလို့ ရတဲ့ ဟာကို ကိုကြီးက သူ့ကို သက်သက် လာရစ်နေတာ ။ Sean က နာမည်ကြီး အမှတ်တံဆိပ် ခေါင်းလိမ်းဆီ ပုလင်းသေးသေးလေးထဲက ဆီကို လက်ထဲ နည်းနည် သွန်ချပြီး သူ့ဆံပင်အုပ်အုပ်လေးကို နှံ့နေအောင် လိမ်းနေရင်းမှ

"'အဲ့တာ သူငယ်ချင်းရဲ့ ဦးလေး ပိုင်တဲ့ သီးသန့် အပန်းဖြေစခန်းလေ ခုလည်း ပြန်ရောက်နေပြီမို့ ကိုကြီး စိတ်အေးအေး ထားလိုက်ပါတော့ "

" ငယ်လေး မင်းအကိုကို ဘယ်လိုတွေ ပြောနေတာလဲ ဘေးလာထိုင်ပြီး စကားကို အကောင်းပြောစမ်း "

💚 || တော်ဝင်ပန်း || 💚 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Où les histoires vivent. Découvrez maintenant