ep(27)

2.6K 151 10
                                    

💚|| တော်ဝင်ပန်း 💚 ||

ep(27)

" Xello ... "

ဖြူဖြူဖွေးဖွေး လက်ဝါးတစ်ဖက်ကို အသာဝေ့ရန်းရင်း နှုတ်ဆက်လာတဲ့ သူမက  ခပ်ရေးရေး ပါးချိုင့်လေးတွေ ပေါ်တဲ့ထိ ပြုံးနေသည် ။ T shirt အဖြူရောင်ကို ဘောင်းဘီအနက်တဲ့ ရိုးရှင်းစွာ တွဲဝတ်ထားပေမဲ့ 5 ပေ 8 လောက်ရှိတဲ့ သူမအရပ်က လူအများကြားမှာ ထင်းထွက်နေ၏ ။

Dee သူမကို မူပိုင် ပါးလေး မို့တက်တဲ့ထိ ပြန်ပြုံးပြလိုက်ပြီး လက်လှမ်းလာတဲ့ သူမကို ဖက်ကင်းတလဲ ပြန်နှုတ်ဆက်လိုက်၏ ။ ခဲရောင် ဖဲသား ဂါဝန်ကို ဝတ်ထားတဲ့ သူမလေးက ခါးထိရှည်တဲ့ ရွှေအိုရောင် ဆံပင်တွေကို ခပ်မြင့်မြင့်စီးထားသေးသည် ။

" ကိုယ်တိုင် လာကြိုမယ် မထင်ထားဘူး "

" လာကြိုရမှာပေါ့ နင်က ငါရဲ့ အချစ်ဆုံး သူငယ်ချင်းလေ Smile  "

Smile ခပ်ဟဟလေး ရယ်လိုက်သည် ။ Dee နဲ့ပါလာတဲ့ Bodyguard နှစ်ယောက်က သူမ Luggage ကို ယူပြီး ရှေ့က သွားနှင့်လေပြီ ။ မိန်းကလေး နှစ်ယောက် ယှဥ်လျှောက်လာနေပေမဲ့ သာမန်မိန်းကလေးတွေထက် အရပ်ပိုရှည်တဲ့ တရုတ် ပြင်သစ်ကပြားမလေးကြောင့် Dee က သိသိသာသာ ပုကျန်ခဲ့သည် ။

" အိမ်ကိုဘဲ တန်းသွားမလား "

" အွန်း  ငါ တစ်ရက် နှစ်ရက်လောက် နားလို့ ရသေးတယ်မလား "

'" ရတာပေါ့ လောဖို့ မလိုဘူး "

ထိုစကားပြောနေတဲ့ သူမက အပူပင်ကင်းစွာ အပြုံး မပျက်ပေ ။

" ဒါနဲ့ သူမရော "

Dee မေးတဲ့ သူမဆိုတာ ဘာသူ့ကို  ရည်ညွန်းမှန်း Smile သိပါသည် ။

Bodyguard မောင်းလာတဲ့ ကားထဲမှာ သူမတို့နှစ်ယောက်ကတော့ စကားပြောမပျက် ။

" ငါ့ရှေ့က Flight နဲ့ ပါသွားတာ ရောက်ရောပေါ့  ဒီမှာကြည့်လေ "

Smile ပြလာတာ သူမဖုန်းထဲက ပုံတစ်ပုံဖြစ်သည် ။ ထိုပုံထဲတွင် လေဆိပ်အတွင်းမှာ ထည်ဝါလွန်းတဲ့ အမျိုးသမီးကြီးအား အရပ်ရှည်ရှည် ခပ်တောင့်တောင့် အမျိုးသားတစ်ယောက်က လည်ပင်းကနေ ဖက်ထားတဲ့ပုံ ဖြစ်သည် ။ ထိုအမျိုးသားရော အမျိုးသမီးရော မျက်နှာက အပြုံးတွေ ဝေဆာလျှက် ။

💚 || တော်ဝင်ပန်း || 💚 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now