ep(37)

2.5K 164 8
                                    

|| 💚 တော်ဝင်ပန်း 💚 ||

ep(37)

" မျက်ခွက်က ဘာဖြစ်နေတာလဲ အသည်းကွဲနေပါတယ်ဆို မင်းမျက်နှာမြင်ပြီး သေချင်စိတ်တောင်ပေါက်တယ် "

ခန့်စကားအဆုံး လေထဲလွင့်လာသော ဓားမြှောင်တစ်လက်အား အမိအရ ဖမ်းလိုက်ရ၏ ။ ဒီကောင်တကယ်ဘဲ လူကို သေစေချင်နေတာလား

" မင်း ! "

" စောက်ပါးစပ်ပိတ်ပြီး ထိုင်နေလို့မရဘူးလား "

တွန့်ချိုးထားတဲ့ မျက်ခုံးတွေက တလောကလုံး သူ့လုပ်စာ စားနေသလိုမျိုး ထိုင်ခုံအားမှီပြီး ဆေးလိပ်သောက်နေပုံက ကပေါက်တိကပေါက်ချာနိုင်ပေမဲ့ သူနဲ့မို့ ကြည့်ရမဆိုးဘဲ မိန်းကလေးတွေအကြိုက် လူဆိုး Type မျိုး ဖြစ်နေသည် ။

ဒီကောင်ဒီချိန်ဆို သူ့ဟာလေးနားကပ်ပြီး အသည်း အသည်းလုပ်နေတာပါ ဒီနေ့မှ ဘာစိတ်ကူးပေါက်ပြီး Club ရောက်လာမှန်းမသိ ၊ ရောက်ကတည်းက အရက်တွေ စွတ်သောက်နေပြီး ဘာဖြစ်လာမှန်းလည်း မေးလို့မရပေ ။

" မဟုတ်မှ Leo မင်းကို တော်ဝင်အိမ်တော်က ကန်ချလိုက်တာများလား "

" ဒီမအေ "

" ဟျောင့် ဟျောင့် မင်းဆဲကြည့်လိုက် ငါမေလေးနဲ့ အတည်တိုင်မှာ "

Leo ခွေးကောင်နဲ့ စကားတုပြောမနေတော့ဘဲ သောက်လက်စ ဆေးလိပ်ကို စားပွဲပေါ်တွင် ဖိ​ချေပြီး အမှိုက်ပုံးထဲ ပြစ်ထည့်လိုက်သည်  ။ ထို့နောက် အပြည့်ထည့်ထားတဲ့ အရက်ခွက်အား ထပ်မံယူသောက်ပြန်၏ ။

" တကယ်ညစ်နေတာလား ဟျောင့် ဒီနေ့ Club မှာ စော်အလန်းလေးတွေ ရောက်နေတယ် ကဲမလား "

သကောင့်သားက သူ့စကားကို အဖက်တောင် မလုပ်ပေ ။ သူ့အရက်ကိုဘဲ အာရုံရောက်နေသည် ။ ခန့် သူ့၀န်ထမ်းတစ်ယောက်ကို လှမ်းခေါ်လိုက်ပြီး

"'Dancing Floor ဘက်မှာ ဒီညအသစ်ရောက်တဲ့ ကောင်မလေးတွေ သွားခေါ်ခဲ့ "

" ဟုတ်ကဲ့ပါ Boss "

သူခေါင်းငြိမ့်ပြလိုက်တော့ ဝန်ထမ်းကောင်လေးက ခပ်ပြာပြာ ထွက်သွား၏ ။ မကြာပါ Sexy ကျကျ ဝတ်ဆင်ထားတဲ့ ကောင်မလေးနှစ်ယောက်နဲ့အတူ အနားပြန်ရောက်လာသည် ။

💚 || တော်ဝင်ပန်း || 💚 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now