ep(21)

3K 160 9
                                    

|| 💚 တော်ဝင်ပန်း 💚 ||

ep(21)

ကိုယ်လုံးပေါ် မှန်ရှေ့တွင် ဘယ်ညာ လှည့်ကာ ရပ်နေတဲ့ အဖြူရောင် ပုံရိပ်လေးသည် ပန်းနုရောင် နှုတ်ခမ်းပါးပါးထက်တွင် လှပသော အပြုံးတစ်ပွင့်အား ပင်တိုင် ချိတ်ဆွဲလျှက်

" ချောလိုက်တဲ့ ရှောင်ကျန့် "

ဂုဏ်ယူသလို မျက်နှာဘေးနှင့် ကိုယ့်ကို ကို အမွှန်းတင်လိုက်သော အနှီးသခင်းလေးသည် သူ့စကားနဲ့ လိုက်ဖက်စွာ ချောမောနေမှုက ယှဥ်ပြလို့တောင်မရ ။ Hoodie အဖြူစွတ်စွတ်ကို နက်ပြာရောင် ဂျင်းဘောင်းဘီနဲ့ ရိုးရှင်းစွာ တွဲဝတ်ထားသော်လည်း သူနဲ့မို့ ကြည့်ကောင်းပါ၏ ။

Sean က စားပွဲတင် မှန်ရှေ့လျှောက်သွားပြီး ထိုင်ခုံမှာ ဝင်ထိုင်သည် ။ ထို့နောက် ဘယ်ဘက်နားတွင် တဖက်ထဲ တပ်ထားသည့် စိန်ပွင့်လေးအား လခြမ်းကွေး နားဆွဲတစ်ဖက်နှင့် လဲလှယ်ဝတ်ဆင်လိုက်သည် ။

Hoodie စွပ်လိုက်လို့ ပွယောင်းယောင်းဖြစ်သွားတဲ့ ဆံပင်အုပ်အုပ်လေးအား သပ်သပ်ရပ်ရပ် ပြန်လည်ပြင်ဆင်လိုက်ပြီးနောက် အလည်တည့်တည့်တွင် ဆံနွယ်တစ်ဝက်ကို စုချည်လိုက်သည် ။

ဆောင်းညချမ်းသည် အလုံပိတ်အခန်းထဲတွင် နွေးနေပေမဲ့ အပြင်ရောက်လျှင် ခိုက်ခိုက်တုန်အောင် ချမ်းမည်ဖြစ်တာကြောင့် အဆင်သင့်ထုတ်ထားတဲ့ မာဖလာ အနီရောင်လေးအား လည်တိုင်နုနုထက်တွင် သေသပ်စွာ နေရာယူလာသည် ။

အချိန်အားဖြင့် 9 နာရီခွဲရန်  2 မိနစ်အလို ။

ရှေ့မှရောက်နေပြီဖြစ်ကြောင်း မောင့်ဆီက ပို့လာတဲ့ Message ကို Sean ဖတ်ပြီးနောက် ဘာမှ ပြန်မပြောတော့ဘဲ ဂျင်းဘောင်းဘီ အိတ်ကပ်ထဲ ဖုန်းကိုထိုးထည့်လိုက်သည် ။ ပိုက်ဆံကတော့ ယူစရာမလို ဘောစိ ရီးစားလေးကို ရထားတော့ ဘ၀က သာသာယာယာပင် ။ ထို့နောက်တွင်တော့ Sean အပြင်ထွက်လာပြီး အတွင်းထဲထိပါတံခါး လော့ချထားခဲ့လိုက်သည် ။

သေချာပေါက် မာမီတို့လည်း အိပ်နေပြီ ထမင်းစားသောက်ပြီးတုန်းက အချိုးတည်းဖို့ အနေနဲ့ Sean ကိုယ်တိုင် ပါးစပ်ထဲ ခွံ့ပေးခဲ့တဲ့ သကြားလုံး တစ်လုံးစီကြောင့် ကိုကြီး အပါအဝင် ...

💚 || တော်ဝင်ပန်း || 💚 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now